25 C
Yangon

စစ်တပ်ဦးပိုင်နှင့်တရုတ်ကုမ္ပဏီများ ဖက်စပ် ကြေးနီစီမံကိန်းများအားလုံး ရပ် ဆိုင်းရန်နှင့် မရပ်ဆိုင်းလျှင် တိုက်ခိုက်မည်ဟု မဟာမိတ်တပ်ပေါင်းစု ၁၆ ခုက သတိပေး

Must read

ရန်ကုန်၊ ဧပြီ ၂၁

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းတွင် စစ်တပ်ပိုင်ဦးပိုင်ကုမ္ပဏီနှင့်တရုတ် ဝမ်ပေါင်-ယမ်စီကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်နေသော ကြေးနီစီမံကိန်းများအားလုံး ရပ်ဆိုင်းရန်နှင့် မရပ်ဆိုင်းလျှင် တိုက်ခိုက်မည်ဖြစ်ပြီး အလုပ် သမား များအားလုံး မေလ ၅ ရက်နေ့ နောက်ဆုံးထား၍ CDM လုပ်ရန် မဟာ မိတ်တပ်ပေါင်းစု ၁၆ ဖွဲ့က သတိ ပေးချက် ထုတ်ပြန်လိုက်သည်။

ဆားလင်းကြီး-ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက ဆားလင်းကြီးမြို့နယ်အတွင်း ကြေးနီစီမံကိန်းများတွင် အလုပ်လုပ်ကိုင်နေသည့် ဝန်ထမ်းများ မေလ ၅ ရက်နေ့ နောက်ဆုံးထား CDM ဝင်ရန်၊ သတိပေးထားသော စစ်တပ်နှင့်တရုတ် ကြေးနီစီမံကိန်းများ ရပ်ဆိုင်ခြင်းမရှိပါက ဒေသခံပြည်သူ့ကာကွယ်‌ ရေး အဖွဲ့များက တိုက်ဖျက်သွားမည်ဖြစ်ကြောင်း သတိပေးချက်တစ်ရပ်ထုတ် ပြန်သည်။

သတိပေးကြေညာချက်တွင် ယနေ့အချိန်ကာလသည် မိမိတို့တိုင်းပြည်၌ စစ်အာဏာရှင်စနစ်အား အမြစ်ဖြတ်ဖယ်ရှားရန်အတွက် ပြည်သူများ လက်နက်စွဲ ကိုင်၍ တိုက်ပွဲဝင်ဆင်နွဲနေချိန်ဖြစ်ကြောင်း၊ တော်လှန်စစ်ဒေသ စစ်နယ်ပယ်သည် ဆားလင်းကြီးမြို့နယ်ရှိ ‌ဒေသတွင်းကြေးနီစီမံကိန်းဒေသများ အပါအဝင် ဖြစ်ကြောင်း၊ဒေသတွင်း ကြေးနီစီမံကိန်းများသည် ဒေသခံပြည်သူများနှင့် တရားမျှတမှုကို တောင်းဆိုကြသော အင်အားစုများ၏ နှစ်ရှည် ဆန့်ကျင်ခံခဲ့ရသည့် သမိုင်းကြောင်းလည်းရှိခဲ့ပြီး ဖြစ်ကြောင်း ကြေညာချက်တွင် ရေးသားထားသည်။

‌ဒေသတွင်းကြေးနီစီမံကိန်းများ၏ ပင်ကိုယ်စရိုက်လက္ခဏာများသည် စစ်အာဏာရှင်တို့၏ ကိုယ်ကျိုးစီးပွား သက်သက်ကိုသာ ကြည့်ပြီး တိုင်းပြည်အကျိုးနှင့် ဒေသခံပြည်သူများ၏ လူမှုဘဝ တိုးတက်ရေးကို ကိုယ်စားပြု လုပ်ဆောင် ထားခြင်း မရှိခဲ့ကြောင်း၊ ထိုလုပ်ငန်းသည် စစ်အာဏာရှင် စနစ်၏ဘဏ္ဍာရေသောက်မြစ်ထဲမှ တစ်ခုဖြစ်ခြင်းအာဏာရှင် ထိပ်သီးများနှင့် စစ်ခရိုနီများ၏ ခါးပိုက်ဆောင်စီမံကိန်း ဖြစ်ခြင်းတို့ကြောင့် မိမိတို့အနေဖြင့် ကြေးနီမံကိန်းများအား တိုင်းပြည် အကျိုး၊ ဒေသခံပြည်သူများအကျိုး ရှိကြောင်းရှင်းလင်းစွာ ချပြနိုင်မှု မရှိမခြင်း တို့ကြောင့် ဆက်လက်ဆန့်ကျင်သွားမည်ဖြစ်သည်ဟု သတိပေးချက်က ဆိုသည်။

စစ်အာဏာရှင်စနစ်အား အမြစ်ဖြတ်တော်လှန် ဖယ်ရှားရှင်းလင်းနေချိန်တွင် စစ်အုပ်စုပိုင် ဦးပိုင်ယန်စီကုမ္ပဏီလီမိတက်နှင့် ယန်စီ ၊ဝမ်ပေါင်ကုမ္ပဏီတို့ ပူးတွဲ လုပ်ဆောင်သော ဒေသတွင်း စီမံကိန်းများအား မည်သည့်အကြောင်းပြချက်နှင့်မျှ တော်လှန်ရေးကာလအတွင်း လုပ်ငန်းလည်ပတ်ခြင်းကို ခွင့်မပြုနိုင်ဟု မိမိတို့ ဆင်ခြင်ဆုံးဖြတ်ကြောင်း၊ ထို့ကြောင့် ထုတ်လုပ်မှုကို ယာယီရပ်နားထားသော ဒေသတွင်းကြေးနီစီမံကိန်းများအား ပြန်လည်စတင်ရန် ဆောင်ရွက်သည့် မည့်သည့်လုပ်ရပ်ကိုမဆို၊ မည်သည့် အဖွဲအစည်း၊ မည်သည့်လူပုဂ္ဂိုလ်ကိုမဆို တိုက်ခိုက်ရှင်းလင်း ဖယ်ရှားသွား၍ ကြေးနီစီမံကိန်းအား တိုက်ဖျက်သွားမည်ဟု ကြေညာသည်။

စစ်အုပ်စုပိုင် ကုမ္ပဏီများတွင် လုပ်ကိုင်နေသော မိဘပြည်သူများအနေဖြင့် မေ(၅)နေ့နောက်ဆုံးထားကာ CDMဝင်ပေးကြရန်၊ စစ်ကောင်စီ၏ဝင်ငွေရလမ်းများအား မိဘပြည်သူများအနေဖြင့် မကူညီ၊မထောက်ပံ့ခြင်းအားဖြင့် တော်လှန်ရေးကို ကူညီပေးပါရန် မေတ္တာရပ်ခံကြောင်း ဖော်ပြထားသည်။

စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး အတွက်ဘဏ္ဍာ ရေသောက်မြစ် လက်တက်တခုကို ဆွဲနုတ်ဖယ်ရှားရန်အတွက် မည်သည့် တိုက်ခိုက်ရေး နည်းလမ်းများကိုမဆို စတင်ကျင့်သုံးတော့မည်ဖြစ်ကြောင်းကို ဒေသတွင်းကြေးနီ စီမံကိန်းများနှင့်ပတ်သတ်သူအားလုံးအား အသိပေးလိုက်ကြောင်းဆားလင်းကြီး-ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက သတိပေးချက်ထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article