25 C
Yangon

Update News-ခရမ်းမြို့နယ်တွင် ယနေ့နံနက် စစ်ကား ချောင်းထဲထိုးကျမှု ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သား ၅ ဦးသေ

Must read

ရန်ကုန်၊ ဧပြီ ၂၁

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်တွင် ယနေ့ ဧပြီလ ၂၁ ရက်နေ့ နံနက် ၅ နာရီခန့်က ကမာကလူကျောက်တံတား အရောက်၌ စစ်ကားတစ်စီး ချောင်းထဲထိုးကျခဲ့ရာ စစ်ဘက်ဆိုင်ရာ ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သား ၅ ဦး ထက်မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာရစစ်သား ၃ ဦးအထိရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ် Khayan Channel က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ဒီနေ့မနက်ဖြစ်စဥ်မှာ ဗိုလ်မှူးတစ်ဦးအပါအဝင် ၅ ဦးသေသွားပါတယ်၊ ဗိုလ်မှူးနာမည်တော့ မပြောပြတော့ပါဘူး။ ကားခေါင်းခန်းမှာက ဗိုလ်မှူးလိုက်ပါလာတာ၊ ကားခေါင်းခန်းထဲက ဗိုလ်မှူးနဲ့ ယာဥ်မောင်းစစ်သားတစ်ဦး ကားအနောက်ခန်းက စစ်သားတစ်ဦး စုစုပေါင်း ၃ ဦးက နေရာမှာတင်ပွဲချင်းပြီးသေသွားတယ်၊ နောက်ဆေးရုံကို သယ်လာတော့ ၂ ဦးက အဆုတ်ထဲရေဝင်သွားပြီး ကယ်လို့တောင်မရတော့ဘူး သေသွားတယ်၊ ကျန်ဒဏ်ရာရစစ်သားကို ရန်ကုန်ဆေးရုံကို မနက် ၁၀ နာရီကျော်ကျော်မှာ ဆေးရုံကားတွေနဲ့ ပို့လိုက်တယ်” ဟု ၎င်းကဆိုသည်။

ခရမ်းမြို့နယ်တွင် ယနေ့မနက် ၅ နာရီခန့်က ကမာကလူကျေးရွာ ကျောက်တံတားအရောက်၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးခန့်လိုက်ပါစီးနင်းလာသော စစ်ကားတစ်စီး ချောင်းထဲထိုးကျခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း ချောင်းထဲသို့ စစ်ကားထိုးကျမှုမြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article