25 C
Yangon

တန့်ဆည်တွင် အင်းရွာနှင့် ဂဒိတ်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးဖြင့်ပစ်ခတ်ပြီး သယ်ယူပို့ဆောင်ရေး ရဟတ် ယာဉ် ၂ စီးဖြင့် စစ်သားများ ပို့ဆောင်

Must read

ရန်ကုန်၊ ဧပြီ ၂၁

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အင်းရွာှနင့်ဂဒိတ်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်လျက်ရှိကြောင်း ဒေသခံများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဧပြီလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ဝန်းကျင်မှစတင်၍ တန့်ဆည်မြို့ နယ်၊ အင်းရွာနှင့်ဂဒိတ်ရွာဝန်းကျင် စစ်တပ်က Mi-35p တိုက်ခိုက်ရေး ရဟတ် ယာဉ် ၂ စီးဖြင့် လေကြောင်းမှ ကျေးရွာတည့်တည့်ကို ပစ်ခတ်တိုက်ခိုက်ကြောင်း၊ ထို့ပြင် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် Mi-17p စီးဖြင့် စစ်သားများကို တင်ဆောင်ပြီး ရွာအနီးတွင် ချပေးနေကြောင်း သိရှိရသည်။

“အခုက အရေးပေါ်အခြေအနေပါ။ ရွာပေါ်ကို ရဟတ်ယာဉ်နဲ့ပစ်တယ်။ တန့်ဆည်နယ် အနောက်မြောက်ကြော အင်း-ဂရိတ်ဘက်ကို ရဟတ်ယာဉ်နှစ်စီးနဲ့ လေကြောင်းပစ်ခတ်ခံနေရတယ်။ အခုထိ ပစ်နေဆဲပဲ။ ပြီးတော့ စစ်ခွေးတွေကို ရဟတ်ယာဉ်နဲ့ ၃ ခေါက်ရှိပြီ ချပေးနေတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

တန့်ဆည် PDF ရဲဘော်တစ်ဦးကလည်း ပြည်သူများအားလုံး ထွက်ပြေးနေရပြီး ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေး ကြောင်း၊ လက်ရှိတွင် ပြည်သူများ အလုံးအရင်းဖြင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

လက်ရှိတွင် အင်းရွာ နှင့် ဂဒိတ်ကျေးရွာတွင် စစ်သည်အင်အား ၆၀ ခန့်ချထားပြီးဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက် စစ်တပ်၏ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စင်း ပစ်ခတ်နေမှု။(ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article