25 C
Yangon

မုံရွာ၊ ကျောက်စစ်ပုံရွာအနီးတွင် စစ်ကား ၁ စီး မိုင်းဆွဲခံရပြီး စစ်သား ၁၀ ဦးထက်မနည်းသေဆုံး၊ စစ်ကားနောက် ကပ်လိုက်လာသည့် ဆိုင်ကယ်စီးပြည်သူ ၂ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၂၂

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက်စစ်ပုံရွာ လမ်းထိပ်တွင် အကြမ်းဖက်စစ်ကောင်စီ စစ်ကားကြီး ၁ စီးကို ဧပြီလ ၂၂ ရက် နံနက် ၇ နာရီ ၂၀ မိနစ်တွင် ဒေသကာကွယ်ရေးမဟာမိတ်အဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကားပေါ်လိုက်ပါလာသော စစ်သား ၁၀ ဦး ထက်မနည်းသေဆုံးသွားကြောင်း Chindwin Attack Force က သတင်းထုတ်ပြန်သည်။

“ကျောက်စစ်ပုံ အမြှောက်တပ်ကို ပြန်လာတဲ့ စစ်ကားကြီး၊ ကားပေါ်မှာ အင်အားတော်တော်ပါတယ်။ ကျနော်တို့ ပဒေသာမိုင်း ခွဲလိုက်ပြီးတော့ ၆ ကောင်ပဲ ရှင်တယ်” ဟု Chindwin Attack Force ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မိုင်းဆွဲတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း – ၂ (Chindwin Attack Force) ၏ တပ်ခွဲ (၄) Fight For People – FFP အဖွဲ့ နှင့် တပ်ခွဲ (၄) ၏ မဟာမိတ် Yan Gyi Aung အဖွဲ့တို့ပူပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

စစ်ကားကို မိုင်းဆွဲတိုက်ခိုက်စဉ် အနောက်မှ ကပ်လိုက်လာသော ဆိုင်ကယ်စီး ပြည်သူ ၂ ဦးပါ ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။

“စစ်ကားနောက်က ကပ်လိုက်လာတဲ့ ဆိုင်ကယ်စီး ပြည်သူ ၂ ဦးပါ ထိသွားတယ်၊ သူတို့ ပြန်တော့ ထ နိုင်တာကိုတွေ့တယ်၊ အသေးစိတ်တော့ မသိရဘူး” ဟု Chindwin Attack Force ပြန်ကြားရေးတာဝန်ခံက ဆက်လက်ပြောဆိုသည်။

ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွာသည့်အတွက် စိတ်မကောင်းများစွာဖြစ်ရကြောင်းနှင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များ စစ်ကားများနှင့် ဝေးရာတွင် နေထိုင်ပေးကြရန် Chindwin Attack Force က မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article