25 C
Yangon

Grade 8 မှ Grade 11 အထိ CDM ID Code ထုတ်ပေးမှု ၂၄ နာရီ မပြည့်မီ CDM ကျောင်းသား၊ ကျောင်းသူ ၂၅၀၀ ကျော် လျှောက်လွှာတင်ပြီး လက်နက် ကိုင်ရဲဘော်များလည်း ပါဝင်

Must read

ရန်ကုန်၊ ဧပြီ ၂၃

ဧပြီလ ၂၀ ရက်နေ့မှ စတင်ကာ Grade 8 (သင်ရိုးဟောင်း ၇ တန်း) မှ Grade – 11 (သင်ရိုးဟောင်း တက္ကသိုလ်ဝင်တန်း) အထိ ကျောင်းသားများအတွက် Student CDM ID လျှောက်လွှာများကို ပထမအသုတ် စတင် ထုတ်ပြန်ခဲ့ပြီး ၂၄ နာရီ မပြည့်မီ CDM ကျောင်းသား/သူ ဦးရေ ၂၅၀၀ ကျော် လျှောက်လွှာတင်ခဲ့ကြောင်း ၊ CDM ID တင်သူများတွင် တော်လှန်ရေးအတွက် လက်နက်ကိုင်တော်လှန်နေကြသည့် လက်နက်ကိုင်ရဲဘော်များလည်း ပါဝင်သည်ကို တွေ့ရကြောင်း အ.က.ရ -ဗဟိုဌာနချုပ်က ဧပြီလ ၂၂ ရက်နေ့ သတင်းထုတ်ပြန်သည်။

အဆိုပါ Student CDM ID ၏ ရည်ရွယ်ချက်မှာ တော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်အာဏာရှင်ကို ပညာသင်ခွင့် စွန့်ကာ ဖီဆန်ကြသည့် CDM ကျောင်းသား/သူများကို အသိအမှတ်ပြု ဂုဏ်ပြုနိုင်ရေးနှင့် အခွင့်အရေးများ ဖော်ဆောင်နိုင်ရေးရည်ရွယ်ကြောင်း၊ လျှောက်လွှာတင်ထားသူများမှာ ရန်ကုန်မြို့နှင့် အနီးဝန်းကျင်ရှိ Grade – 11 တက်ရမည့် CDM ကျောင်းသား၊ ကျောင်းသူများ ID တင်မှု ပိုများကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

CDM ID မှာ CDM, Non CDM ကွဲပြားသွားစေရန် ပြုလုပ်သည့် အထောက်အထားတစ်ခုဖြစ်ပြီး တော်လှန်ရေးအလွန်တွင် Digital Card အဖြစ်ပြောင်းလဲထုတ်ပေးမည်ဖြစ်သည်ဟုလည်း ပါရှိသည်။။

အဆိုပါ အစီအစဉ်သည် Non CDM များကို အရေးယူမည့် အစီအစဉ်မဟုတ်ဘဲ ID မတင်ထားသူများကို Non CDM အဖြစ် သတ်မှတ်ခြင်း၊ အရေးယူခြင်း ပြုလုပ်သွားမည်မဟုတ်ကြောင်း၊ CDM ID တင်ထားသူများ အခွင့်အရေးကောင်းများ ရရှိစေရန် ကြိုးပမ်းသွားမည် ဖြစ်ကာ အခွင့်အရေးဆိုင်ရာ ကိစ္စများကို NUG အစိုးရနှင့် ဆွေးနွေးလျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article