25 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၂၃ ရက်နေ့ မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၂၃ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-အကြမ်းဖက် လူသတ်ဖက်ဆစ်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ PDFကို ချန်လှပ်ပြီးစည်းလုံးမှုပျက်ပြားစေဖို့ သွေးခွဲဆောင်ရွက်နေတယ်လို့ KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတာနီးက ပြောပါတယ်။
-စစ်ကိုင်းတိုင်း အရာတော်မြို့နယ်အထက်တန်းကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ပြည်သူ့ ကာကွယ် ရေးမဟာမိတ်တပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်လေးဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
– မကွေးတိုင်း၊ ယောဒေသမှာ အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ပစ်ခတ်ဖမ်းဆီးမှုတွေနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေကြောင့် တောတွင်းပုန်းအောင်းတိမ်းရှောင်နေသူတွေအတွက် အစာရေစာနဲ့ဆေးဝါးလို အပ်နေပါတယ်။
– ရှမ်းပြည်နယ်၊ မူဆယ်မြို့ ၁၀၅ ဝန်းကျင်မှာ စစ်တပ်ထုတ်ကုန် မြန်မာစည်ဘီယာ ၁၅၀ တင်ဆောင်လာတဲ့ ကား ၅ စီးကို ဖမ်းဆီးလိုက်ပြီး စည်ဘီယာများကို မူဆယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိမ်းဆည်း ဖျက်ဆီးသွားမယ်သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article