25 C
Yangon

မြစ်ကြီးနား မြို့ပြလှုပ်ရှားမှုအဖွဲ့မှ ကိုချစ်နှင့် PDF ရဲဘော် ၄ ဦး ဖမ်းဆီးခံရပြီး ၂ ဦးကျဆုံးဟု သတင်းထွက်ပေါ်

Must read

ရန်ကုန်၊ ဧပြီ ၂၅

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အတွင်း ပျောက်ကြားလှုပ်ရှားမှုများ ဆောင်ရွက်နေသည့် မြစ်ကြီးနား မြို့ပြလှုပ်ရှားမှု အဖွဲ့မှ ကိုချစ်နှင့် ရဲဘော်တချို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဧပြီလ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ပစ်ခတ်ဖမ်းဆီးကြောင်း သိရှိရသည်။

စစ်တပ်၏ ပစ်ခတ်မှုကြောင့် PDF ရဲဘော် နှစ်ဦးကျဆုံးသည်ဟု သတင်းထွက်ပေါ်ပြီး တစ်ဦး ဒဏ်ရာရကြောင်း၊ နှစ်ဦးမှာ ဖမ်းဆီးစစ်ကြောခံနေရကြောင်း မြစ်ကြီးနားမြို့ပြတော်လှန်ရေးခေါင်းဆောင်တစ်ဦး ထံမှ သိရှိရသည်။

“နာမည်ပေါက်ထားတဲ့ PDF ရဲဘော်လူငယ်တစ်ဦး မြို့တွင်း အခြေအနေလေ့ လာချိန်မှာ စကစ က ဖမ်းမိပြီး အခြားရဲဘော်တွေကို ဖုန်းဆက်ချိန်းခိုင်းပြီး ဖမ်းဆီးတယ်။ အဖွဲ့ဝင် ကိုချစ်နေတဲ့ နေရာကို စစ်ခွေး၊ ရဲခွေး အင်အား ၄၀ လောက်နဲ့ ဝင်ရောက် ပစ်ခတ်ဖမ်းဆီးပြီး အပြန်အလှန်ပစ်ခတ်မှု ဖြစ်တာ” ဟု တော်လှန်ရေးခေါင်းဆောင်က ရန်ကုန် ခေတ်သစ်သို့ပြောကြားသည်။

လက်ရှိအချိန်တွင် မြစ်ကြီးနား မြို့ပြလှုပ်ရှားမှုအဖွဲ့မှ ကိုချစ်နှင့် ဖမ်းဆီးရမိ PDF ရဲဘော်များကို စစ်ကြောရေးတွင် ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းနေကြောင်း၊ ကျဆုံးရဲဘော် နှစ်ဦးကိုလည်း အကြမ်းဖက်စစ်ကောင်စီဝင်များ သယ်သွားကြကြောင်း မြစ်ကြီးနားမြို့ပြတော်လှန်ရေးအဖွဲ့ထံမှ သိရှိရသည်။

ရဲသတင်းရင်းမြစ်ကမူ ကိုဦး(ခ)ကိုချစ်နှင် စိုင်းဇော်မိုင်(ခ) ဖက်တီးတို့မှာ စိုးရိမ်ရဒဏ်ရာများရရှိထားသည်ဟု ထုတ်ဖော်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article