25 C
Yangon

မင်းကင်းတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၃ ဦးသေဆုံး အများအပြား ဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၂၅

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့မှ စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၇၀ ခန့်ကို မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂၊ တပ်ခွဲ ၁ က ယနေ့ ဧပြီလ ၂၅ ရက် နံနက် ၁၁ နာရီခန့်တွင် ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၁၃ ဦးခန့် သေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း သတင်းရရှိသည်။

အဆိုပါ စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ကလေးမြို့မှ ဆင်းလာသော စစ်ကား ၃ စီးကို သွားရောက်ကြိုဆိုစဉ် သဘော်-ကဗျစ် အရောက်တွင် ပဒေသာမိုင်း ၁၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရပြီး သေဆုံးအလောင်းများကို ကဗျစ်ရွာ ဇရပ်အပေါ်တွင် တင်ထားခဲ့ကြောင်း ဒဏ်ရာရသူမျးကို မင်းကင်းမြို့၊ အမှတ် ၁ ဘိုးဘွားရိပ်သာတောင်ပေါ်သို ခေါ်ဆောင်သွားကြောင်း မင်းကင်းတော်လှန်ရေးအင်အားစုထံမှ သိရှိရသည်။

မင်းကင်းမြို့နယ် မြစ်ရိုးအောက်ဒေသ သံပေါက်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ယနေ့ ညနေပိုင်းတွင် မီးတင်ရှို့နေကြောင်းနှင့် ရွာတဝက်နီးပါး မီးလောင်ပျက်စီးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

သံပေါက်ကျေးရွာမီးရှို့ဖျက်ဆီးခံရမှုတွင် လူထိခိုက်သေဆုံးမှု ရှိ၊ မရှိနှင့် မီးလောင်ဆုံးရှုံးသည့် အိမ်ခြေအရေအတွက်ကို ကနဦး မသိရှိရသေးပေ။

ဓါတ်ပုံ – မင်းကင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article