25 C
Yangon

ဆားလင်းကြီး ညောင်ပင်ကြီး ရဲစခန်းကို ရိက္ခာသွားပို့သော ကားနှင့် စစ်ကောင်စီ တပ်ဖွဲ့များ လိုက်ပါလာသော ဆိုင်ကယ်များ မိုင်းဆွဲ ခံရ (ရုပ်/သံ)

Must read

ရန်ကုန်၊ ဧပြီ ၂၆

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းသို့ ရိက္ခာပို့ သွားသောကားနှင့် လုံခြုံရေး အတွက် ဆိုင်ကယ်များဖြင့် လိုက်ပါလာသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ယနေ့ ဧပြီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ ၂ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သည့် ဆားလင်းကြီးမြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

အဆိုပါ ရိက္ခာကားနှင့် ဆိုင်ကယ်များကို Young People Force ( YPF ) နှင့် အမိမြေတပ်ဖွဲ့တို့က ပူးပေါင်းပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း နယ်မြေခံ သတင်းရင်းမြစ်များက ပြောဆိုသည်။

Video credit-ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article