25 C
Yangon

ထိုင်း-မြန်မာနယ်စပ် အမှတ် ၁ တံတားထိပ်တွင် ထိုင်းတော်ဝင် တပ်မတော် စစ်ကားများ ချထားပြီး နယ်စပ် တစ်လျှောက် လုံခြုံရေးတင်းကျပ်

Must read

ရန်ကုန်၊ ဧပြီ ၂၆

ထိုင်း-မြန်မာနယ်စပ် အမှတ် ၁ တံတားထိပ်တွင် ထိုင်းတော်ဝင် တပ်မတော် စစ်ကားများ ချထားပြီး နယ်စပ် တစ်လျှောက် ယနေ့ လုံခြုံရေးတင်းကျပ်ထားကြောင်း ထိုင်းသတင်းမီဒီယာများနှင့် မဲဆောက်ရှိ မြန်မာများထံမှ သိရှိရသည်။

“ဒီနေ့ တံတားနားမှာ စစ်ကားတွေ ၃ စီး ၄ စီးတွေ့တယ်။ ရဲကားတွေလည်းတွေ့တယ်။ လုံခြုံရေး တင်းကျပ်ထားတာတွေ့တယ်။ ဟိုတစ်နေ့က မြ၀တီဘက်ခြမ်း အမှတ် ၁ တံတားထိပ်မှာ ဗုံးပေါက်လို့လား မသိဘူး” ဟု မဲဆောက်ရောက် မြန်မာတစ်ဦးက ပြောဆိုသည်။

ဧပြီလ ၂၃ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် ထိုင်း-မြန်မာနယ်စပ် ၊မြန်မာနိုင်ငံဘက်ခြမ်း မြ၀တီမြို့နယ် တံတား ၁ ဂိတ်တွင် မိုင်းပေါက်ကွဲပြီး တံတားဂိတ်မီးလောင်ခဲ့ကြောင်း၊ ရဲ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

Photo Credit- Thai Journalist

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article