25 C
Yangon

ကလေးမြို့ အမှတ် ၉၃၄ ထောက်ပို့တပ်မှ ဒုတပ်ကြပ် တဦး CDM Siyin ထံ လက်နက်နင့် အလင်းဝင်

Must read

ရန်ကုန်၊ ဧပြီ ၂၆

စစ်ကိုင်းတိုင်း၊ ကလေးမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် ၉၃၄၊ ထောက်ပို့တပ်မှ ဒုတပ်ကြပ်အဆင့်ရှိ အရာရှိ တဦးသည် ဒေသကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် CDM Siyin ထံ လက်နက်နှင့်တကွ လာရောက်ခိုလှုံကြောင်း သတင်းရရှိသည်။

စစ်သက် ၁၀ နှစ်ရှိပြီဖြစ်သည့် အဆိုပါ ဒုတပ်ကြပ်သည် ဧပြီလ ၂၀ ရက်နေ့တွင် လာရောက်ပူးပေါင်းခြင်းဖြစ်ကြောင်း သိရိရသည်။

“ဆုကြေးငွေ ချီးမြှင့်တာတွေတော့ ကျနော်တို့အဖွဲ့က မလုပ်ပေးနိုင်သေးပါ၊ ပြည်သူ့ရင်ခွင်ကနေ လုပ်ပေးမယ်ထင်ပါတယ်။ သူထွက်လာတဲ့ ခရီးစဥ်တလျောက်လုံးကိုတော့ ကျနော်တို့အဖွဲ့ကနေပဲ လမ်းစရိတ်ရေ၊ာ အဝတ်အစားမပါလို့ အဝတ်အစားပါ ဝယ်ပြီးဆင်ပေးပါတယ်။ အခုလွတ်မြောက်နယ်မြေမှာလည်း နေထိုင်စရာနဲ့ စားသောက်တာကို ကျနော်တို့အဖွဲ့ကဘဲ တာဝန်ယူထားပါတယ်ဗျ” ဟု CDM Siyin က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

၎င်းနှင့် ၎င်း၏ မိသားစုလုံခြုံရေးအတွက် အသေးစိတ်အချက်အလက်များကို ထုတ်ပြန်၍ မရနိုင်သေးကြောင်း Civic Defense Militia – Siyin က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article