25 C
Yangon

ပဲခူးအင်းတကော်ရှိ ဦးပိုင်စက်မှုဇုန် အဝင်လုံခြုံရေးဂိတ်နှင့်စစ်တပ်ဂိတ်များကို မိုင်းဆွဲတိုက်ခိုက်၊ ပေါက်နှင့်ချောင်းဦးတို့တွင် တိုက်ခိုက်မှုများ လုပ်ဆောင်၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂၆

ပဲခူးတိုင်း အင်းတကော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်မ ၇၇ လက်အောက်ခံ အင်းတကော်အခြေစိုက် ခမရ (၁၀၅)၊ ခမရ (၁၀၇) တို့၏ ဂိတ်တဲ နှင့် အင်းတကော် ဦးပိုင် စက်မှုဇုန် အဝင်လုံခြုံရေးဂိတ်တို့ကို ဧပြီ ၂၅ရက်နေ့ ည(၈)နာရီအချိန်ခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အင်းတကော်မြို့ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ ပဲခူးခရိုင်တပ်ရင်း အမှတ်(၁)၊ တပ်ခွဲ(၂)မှ ရဲဘော်များက ဖောက်ခွဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မကွေးတိုင်း ပေါက်မြို့နယ် ရွှေဘုံသာရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများကို ဧပြီလ ၂၅ရက်တွင် နယ်မြေခံ ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၇ဦးသေဆုံး ခဲ့ကြောင်း ပခုက္ကူတော်လှန်ရေး တပ်ဦးထံမှ သိရသည်။

အဆိုပါ ပျူစောထီးများ တပ်စွဲထားသော နေရာကို ပခုက္ကူ တော်လှန်ရေးတပ်ဦး (PRF) ၊ Pakokku Generation Z နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ပေါက်မြို့နယ်တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး မိနစ် ၃၀ ခန့် အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း ပခုက္ကူ တော်လှန်ရေးတပ်ဦး (P.R.F)က ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း ကင်မွန်းတော် ပျူစောထီးရွာမှ ချောင်းဦးမြို့နယ်သို့ ထွက်ခွာလာသော အကြမ်းဖက် စစ်ကောင်စီနှင့် ပျူစောထီး တပ်ဖွဲ့များကို ဧပြီလ ၂၄ ရက်နေ့ နံနက် ၅နာရီခန့်တွင် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CHUPDFက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၇ဦးသေဆုံးကာ PDF တပ်ဖွဲ့ ၁ဦး ကျဆုံးခဲ့ကြောင် CHUPDFက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article