25 C
Yangon

NUG ကို ထောက်ပံ့ခြင်း နှင့် ငွေတိုက်စာချုပ် ဝယ်ယူမှု ရှိ၊ မရှိ စစ်ဆေးရန် ဦးချစ်ခိုင် အပါအဝင် စီးပွားရေးလုပ်ငန်းရှင်ကြီးတချို့ကို စစ်တပ်က ခေါ်ယူ မေးမြန်းနေ၊ CB ဘဏ်ပိုင်ရှင် ဦးခင်မောင်အေး ပါဝင်ဟု သတင်းထွက်နေပြီး အတည်မပြုနိုင်သေး

Must read

ရန်ကုန်၊ ဧပြီ ၂၆

ရန်ကုန်မှ စီးပွားရေးလုပ်ငန်းရှင်တချို့ကို NUG နှင့် ဆက်နွယ်မှုရှိ၊ မရှိ ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း ရန်ကုန် စီးပွားရေးအသိုင်းအဝိုင်းက ပြောသည်။

“ဦးချစ်ခိုင်က ဘန်ကောက်မှာရှိနေတာက ပြန်လာဖို့ခေါ်ပြီး စစ်တာလို့ပြောတယ်။ ဟိုတယ်တစ်ခုမှာ ခေါ်ပြီးမေးမြန်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ အခုကြားထားတာက ဦးခင်မောင်အေးလည်း ပါသလိုလို ကြားရတယ်။ ဖမ်းတာထက် ခေါပြီးစစ်ဆေးတာလို့ သိရတယ်။ ဘွန်းတွေ ဝယ်တာမျိုး၊ ငွေကြေးထောက်ပံ့တာမျိုး ရှိ၊ မရှိ စစ်တာလို့ သိထားပါတယ်။ တကယ်လို့ စစ်ဆေးတွေ့ရှိရင်တော့ တစ်မျိုးထပ်ဖြစ်မယ်ထင်တယ်” ဟု UMFCCI ရန်ကုန်စီးပွားရေးအသိုင်းအဝိုင်းက ပြောသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် ဦးချစ်ခိုင် အပါအဝင် စီးပွားရေးသမားများ ခေါ်ယူ စစ်ဆေးမှု ကိစ္စနှင့်ပတ်သက်ပြီး စစ်တပ်နှင့်ရဲဘက်ကို အတည်ပြုရန် ထပ်မံ ကြိုးစားလျက်ရှိပြီး လက်ရှိ ထွက်ပေါ်နေသော သတင်းများကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article