25 C
Yangon

ဗန်းမောက်မြို့အဝင်ဂိတ်ကို PDF ဝင်ပစ်မှု စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံး၊ လက်နက် ၃ လက်နှင့် လက်ပစ်ဗုံးအပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ ဧပြီ ၂၆



စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့အဝင်ဂိတ်ကို ယနေ့ မွန်းလွဲပိုင်းတွင် ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းသွားကြောင်း ဗန်းမောက်မြို့ခံတချို့ထံမှ သိရှိရသည်။

“မြို့အဝင်ဂိတ်မှာ စစ်သား၊ ရဲနဲ့ မီးသတ်နည်းနည်းပဲရှိတာ။ အဲဒါ PDF ဘက်က ၂၀ လောက်ဝင်ပစ်တယ်ပြောတယ်။ စစ်သားတွေရော၊ ရဲတွေရော မီးသတ်တွေရော အကုန်ထွက်ပြေးကြတယ်။ လက်နက်တွေလည်း PDF ဘက်က သိမ်းသွားတယ်ပြောတယ်။ ဖြစ်တာက ဒီနေ့ ၂ နာရီ ၁၅ မိနစ်လောက်ဖြစ်ကြတာ။ ဂိတ်ဘေးမှာ ဆီဆိုင်တွေ ရှိတော့ အကုန်မီးလောင်တာတော့ ရှိတယ်။ ပစ်ခတ်မှုက ၁၅ မိနစ်လောက်ပဲရှိမယ်။၃ ဦးသေပြီး ၂ ဦးဒဏ်ရာရတယ်ပြောတယ်” ဟု ဗန်းမောက်မြို့ခံတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် စစ်တပ်နှင့်ရဲများက မြို့အဝင်ဂိတ်ကို အင်အားတိုးမြှင့်ချထားပြီး မြို့အဝင်အထွက်ကို တင်းကျပ်စွာ စစ်ဆေးမှုများရှိနေကြောင်း၊ မြို့ထဲရှိ လူငယ်များနှင့် ပြည်သူများကို စစ်တပ်က ရမ်းကားဖမ်းဆီးမည်ကို စိုးရိမ်ရကြောင်း ဒေသခံများက ဆိုကြသည်။

“ဗန်းမောက် စစ်ဆေးရေးဂိတ်ကို အင်းတော် PDFက ညနေ ၂ နာရီအချိန်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲ ၂ ဦး၊ မီးသတ် ၁ ဦး သေဆုံးပါတယ်။ အများအပြား ဒဏ်ရရပါတယ်။ G3 နှစ်လက်၊ ခြောက်လုံးပြူး ၁ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ G3ကျည် ၇၇ တောင့် ခြောက်လုံးပြူးကျည် ၆ တောင့် ၊ အိုင်ကွန် ၁ ခု၊ ဖုန်း ၁ လုံး ၊ လက်ထိပ် ၁ ခု သိမ်းဆည်းရမိခဲ့ပါတယ်” ဟု ဒေသသတင်းရင်းမြစ်က သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ဗန်းမောက်မြို့အဝင်ဂိတ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် မီးလောင်နေမှုမြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article