25 C
Yangon

ပေါက်မြို့နယ် တောင်ဘက်ရွာကို အကြမ်းဖက် စစ်တပ်က ဒုတိယ အကြိမ် မီးရှို့ဖျက်ဆီး ပြည်သူပိုင် နေအိမ် ၃ဝကျော် ပြာကျ

Must read

ရန်ကုန်၊ ဧပြီ ၂၆

မကွေးတိုင်း ပေါက်မြို့နယ် တောင်ဘက်ရွာကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၂၄ ရက်နေ့ ညနေ ၄နာရီ ၂ဝမိနစ်ခန့်တွင် ဒုတိယအကြိမ် ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၃ဝကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ တောင်ဘက်ရွာကို အကြမ်းဖက် စစ်တပ်၊ ရဲနှင့် ပျူစောထီးများ ပါဝင်သည့် စစ်ကောင်စီ တပ်ဖွဲ့က ဝင်ရောက် စီးနင်းခဲ့ကာ မီးရှို့ ဖျက်ဆီး ခဲ့ခြင်းဖြစ်ပြီး ပြည်သူပိုင် ပစ္စည်းများလည်း ခိုးယူ လုယက်သွားကြောင်း သိရသည်။

” ဧပြီလ ၂၄ ရက်နေ့ ညနေ ၄နာရီ ၂ဝလောက်မှာ တောင်ဘက်ရွာကို စစ်ခွေးတွေ ရဲတွေ ပျူတွေ ထပ်ရောက်လာပြီး မီးရှို့သွားတယ်။ ပြည်သူပိုင် နေအိမ် ၃ဝ ကျော်လောက် ပြာကျသွားတယ်။ ဒုတိယ အကြိမ်မြောက် မီးရှို့ခံရတာပေါ့” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က ကျေးရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ဧပြီလ ၂၅ ရက်နေ့တွင် ဒေသခံပြည်သူများက မီးငြိမ်းသတ်ရန် သွားရောက်စဉ်တွင် ပျူစောထီးအဖွဲ့များက သေနတ်များဖြင့် လိုက်လံ ပစ်ခတ် ဟန့်တားခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

ပေါက်မြို့နယ် တောင်ဘက်ရွာကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၁ဝရက်နေ့ ည ၈နာရီ ၃ဝမိနစ်ခန့်တွင် ပထမအကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် တချို့ မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article