ရန်ကုန်၊ ဧပြီ ၂၇
ရန်ကုန်တွင် သင်္ဃန်းကျွန်း မြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)၊ မြောက်ဥက္ကလာပမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)၊ ရွှေပြည်သာမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)၊ မင်္ဂလာဒုံမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)၊ 𝗣𝗕𝗬𝗦𝗖 (ပုဇွန်တောင်၊ ဗိုလ်တထောင် လူငယ်များ သပိတ်ကော်မတီ) တို့ ပူးပေါင်းကာ ယနေ့ ဧပြီလ ၂၇ ရက်နေ့တွင် “တောင်ပေါ်/မြေပြန့် ညီညွတ်ကြ၊ စစ်သုံးစစ်ကို တိုက်ဖျက်ကြ” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။



