25 C
Yangon

မုံရွာ၊ ဘိုးဘွားရိပ်သာအဝိုင်းပတ်ရှိ စစ်ကောင်စီဂိတ်စခန်းကို မုံရွာပြောက်ကျားအဖွဲ့များ ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၃ ဦးနှင့် ရဲ ၁ ဦးသေဆုံး၊ ဂန့်ဂေါရှိ စစ်ကောင်စီကင်းပုန်း အတိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ဘိုးဘွားရိပ်သာအဝိုင်းပတ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ စခန်းချသော စစ်ဆေးရေးဂိတ်တခုကို ယနေ့ ဧပြီလ ၂၇ ရက် နံနက် ၁၀ နာရီတွင် မုံရွာမြို့ရှိ ပြောက်ကျားတပ်ဖွဲ့များ၊ ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းဝင်တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးနှင့် ရဲ ၁ ဦး သေဆုံးကာ ဒဏ်ရာရသူများလည်း ရှိကြောင်း Chindwin Attack Force က သတင်းထုတ်ပြန်သည်။

မုံရွာခရိုင်တပ်ရင်း – ၂ – ၃ – ၄ Chindwin Attack Force ၏ အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys၊ မုံရွာခရိုင်တပ်ရင်း – 2 တပ်ခွဲ (၃) Northwest Plains Revolutionary Forces-NPRF၊ Monywa People Defence Force – MPDFနှင့် Special Force 11 ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြောက်ကျားတပ်ဖွဲ့များမှာ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း၊ ဂန်ဂေါမြို့၊ စည်ပင်ရပ်ကွက်၊ ဘုရားသုံးဆူ ကုန်းဆင်းအနီးတဝိုက်တွင် ကင်းပုန်းချထားသော အကြမ်ဖက် စစ်ကောင်စီ၏ တပ်ဖွဲ့ကို ယမန်နေ့ဧပြီလ ၂၆ ရက်နေ့ ည ၉ နာရီ အချိန်မှာ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF တပ်ရင်း ၅၊ တပ်ခွဲ ၄ မှ ရဲဘော်များက လျှပ်တပြတ် ဝင်ရောက်တိုက်ရာ ၈ မိနစ်ခန့်အပြန်အလှန်ဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရကြောင်း သိရိရသည်။

ဝင်ရောက်တိုက်ခိုက်ပြီးနောက် အထိအခိုက်မရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း YDF က သတင်းထုတ်ပြန်သည်။

ဓါတ်ပုံ – ယောဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်မား

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article