ရန်ကုန်၊ ဧပြီ ၂၇
ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို မတရားရိုက်နှက်၍ ဘားအံထောင်တွင် နိုင်ငံရေးအကျဥ်းသားများ ဆန္ဒပြလျက်ရှိပြီး ထောင်အာဏာပိုင်များက အကြမ်းဖက် ဖြိုခွင်းရန်ပြင်ဆင်မှုများရှိနေကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဧပြီလ ၂၇ ရက်နေ့ ညနေပိုင်း ဘားအံထောင်အတွင်းတွင် နိုင်ငံရေးအကျဉ်း သားတစ်ဦးကို အခြားရာဇဝတ်အကျဉ်း သားများက အကြောင်းမဲ့ ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည်ကို သက်ဆိုင်ရာ အကျဉ်းထောင် တာ ဝန်ရှိသူများက ကျေနပ် လောက်သည်အထိ ဖြေရှင်းပေးနိုင်ခြင်း မရှိသောကြောင့် နိုင်ငံရေးအကျဉ်းသားများမီ ကြွေးကြော်သံများ ရွတ်ဆိုခြင်း၊ နိုင်ငံရေး သီချင်းများ သီဆိုခြင်းဖြင့် ဆန္ဒပြခြင်းဖြစ်ကြောင်း သိရှိရသည်။
ဆန္ဒပြနေသော နိုင်ငံရေးအကျဉ်းသားများကို အာဏာပိုင်များက သေနတ်များဖြင့် ချိန်ထားခြင်း၊ အကြမ်း ဖက်ဖြိုခွင်းရန် ပြင်ဆင်နေခြင်းများကြောင့် အခြေအနေ တင်းမာလျက်ရှိကြောင်း သိရှိရသည်။