26 C
Yangon

ရွှေဘို၊ ကျောက်မြောင်းမြို့နယ်ခွဲရှိ မလား၊ မခေါက်ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်ပြီး ရွာများကို မီးရှို့နေ

Must read

ရန်ကုန်၊ ဧပြီ ၂၇

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့နယ်ခွဲရှိ မလား၊မခေါက်ကျေးရွာများကို ယနေ့ ညနေ ၆ နာရီကျော်အချိန် စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ကျေးရွာများကို မီးရှို့လျက်ရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ရွှေဘိုမှာ စဥ့်အိုး လုပ်တဲ့ရွာ။ ကျောက်မြောင်းမြို့နယ်ခွဲမှာရှိတဲ့ မလားမခေါက်ကျေးရွာကို အခု စစ်တပ်က ရွာတွေမီးရှို့ ၊လက်နက်ကြိးတွေနဲ့ပစ်ခတ်နေတယ်၊ မလားမခေါက်ကျေးရွာပြည်သူတွေ အကုန်တော့ထွက်ပြေးကုန်ကြပြီ။ နွယ်ငြိမ်းကျေးရွာကလည်း ကပ်နေတော့ပြေးဖို့ပြင်ဆင်နေကြရပြီ” ဟု ဒေသခံတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

လက်ရှိတွင် မခေါက် ကျေးရွာထဲသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲသံများကြားနေရပြီး အိမ်တချို့မီးလောင်နေကြောင်း၊ ညနေ၆နာရီမှာစ၍ ယခုအချိန်ထိအိမ်များမီးလောင်နေပြီး လက်နက်ကြီးကျကွဲသံများယခုချိန်ထိကြားနေရကြောင်း၊ မခေါက်ရွာနှင့် ဟင်္သာကြီးကြားတွင် ယနေ့ ညနေပိုင်းစစ်တပ်နှင့် PDF တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article