25 C
Yangon

ပဲခူး၊ က၀မြို့နယ်ရဲတပ်ဖွဲ့မှူး ဝင်းနိုင်ကို PDF က ပစ်ခတ်ရှင်းလင်း၊ ဒီပဲယင်းတွင် ပျူစောထီးဟု သတ်မှတ်ထားသူ တက်ရှိန် အသတ်ခံရ

Must read

ရန်ကုန်၊ ဧပြီ ၂၈

ပဲခူးတိုင်း၊ က၀မြို့နယ်ရဲတပ်ဖွဲ့မှူး ဝင်းနိုင်ကို ပဲခူး PDF က ရှင်းလင်းလိုက်ကြောင်း ပဲခူးတိုင်း PDF က တရားဝင်သတင်းထုတ်ပြန်သည်။

ယနေ့ နံနက် ၅ နာရီ ၁၅ မိနစ် ဝန်းကျင်အချိန် အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် ကဝမြို့နယ် လုံခြုံရေးနှင့် သတင်းစုံစမ်းရေးအဖွဲ့ ဥက္ကဌ ရဲမှူး ဝင်းနိုင်ကို ပဲခူးခရိုင်PDFတပ်ရင်း ၁ တပ်ခွဲ ၂၊ ကဝပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်ရှင်းလင်းရာတွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် ရဲမှူးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် ၂၀၀၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံမှုတွင် ပါဝင်ခဲ့ပြီး ယခု ပျူစောထီးအဖြစ်လုပ်ဆောင်နေသူ တက်ရှိန်ကို ဧပြီလ ၁၉ ရက်နေ့တွင် Tiger King ပျောက်ကျားတပ်ဖွဲ့နှင့် လင်းယုန်ပျောက်ကျား တပ်ဖွဲ့ ပူးပေါင်း၍ ရှင်းလင်းလိုက်ကြောင်း တရားဝင်သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article