25 C
Yangon

ပုလောမှာ ခရီးသည်တင်ယာဥ်နှစ်စီးကို စစ်တပ်က ပစ်ခတ်၍ ခရီးသည် ၂ ဦးသေဆုံးဟုဆို

Must read

ရန်ကုန်၊ ဧပြီ ၂၈

တနင်္သာရီတိုင်း၊မြိတ်ခရိုင်၊ ပုလောမြို့အနီး ဒီနေ့ညနေပိုင်း ခရီးသည်တင်ယာဥ်နှစ်စီးကို စစ်တပ်က ပစ်ခတ်ခဲ့ပြီး ခရီးသည် ၂ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။

ညနေ ၅ နာရီခွဲဝန်းကျင်က သစ်လှတောရွာအနီးမှာ ရတနာတိုးနဲ့ ရွှေလီရတနာကားနှစ်စီးပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ ပုလောမြို့ခံတွေကပြောပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုချက်အရ ခရီးသည်တင်ယာဥ်နှစ်စီးအရှေ့ကနေမောင်းလာတဲ့ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ Hijet မိုင်းဆွဲခံရတယ်လို့ သိရပါတယ်။

စစ်ကားမိုင်းဆွဲခံရလို့ စစ်ကောင်စီတပ်က မြင်မြင်သမျှ ရမ်းသမ်းပစ်ခတ်ခဲ့တာမျိုးဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

“ဖြစ်တဲ့နေရာက လူပြတ်တော့ ဘယ်သူမှတော့ တိတိကျကျမပြောနိုင်ဘူး။ စစ် တပ်က သူတို့မိုင်းဆွဲခံရပြီးရင် လက်နက်ကြီးလက်နက်ငယ်နဲ့အမြဲပစ်နေကျပဲ” လို့ ပုလောဒေသခံတစ်ဦးက ပြောပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article