25 C
Yangon

ကလေးမြို့တိုက်ပွဲမှ စစ်သားအလောင်း ၇ လောင်းနှင့် လက်နက်များ သိမ်း ဆည်းရမိ

Must read

ရန်ကုန်၊ ဧပြီ ၂၈

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တိုက်ပွဲမှ စစ်သား အလောင်း ၇ လောင်းနှင့် လက်နက်များ သိမ်းဆည်းရမိကြောင်း ကလေး PDF ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ယမန်နေ့ ဧပြီလ ၂၇ ရက်နေ့က တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည့် ကလေးမြိုနယ်တောင်ပိုင်း အရှေ့စည်းရွာအနီးဝန်းကျင်၌ PDF (Kalay) တပ်ဖွဲများက နယ်မြေရှင်းလင်းရေး ဝင်ရောက်ခဲ့ရာ တိုက်ပွဲအတွင်း သေဆုံးသွားသော အကြမ်း ဖက်စစ်ကောင်စီလက်ပါးစေ အလောင်း ၇ လောင်း နှင့်အတူ MA မောင်းပြန် ၁ လက်၊ MA ကျည်အိမ် ၈ ခု၊ ၅.၅၆ ကျည် ၅၀၀ တောင့် ၊ အီနာဂါ ဗုံးသီး ၁ လုံး၊ ၆၀ မမ ဗုံးသီး ၂ လုံး၊ ဖုန်း ၃ လုံး၊ စကားပြောစက် ၂ လုံးတိုကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်ဖွဲများသည် ယနေ့နံနက်ပိုင်းမှစတင်၍ ကလေးမြိုနယ်တောင်ပိုင်း မြောက်စည်းရွာဘက်မှ အရှေ့စည်းရွာဘက်သိုဦးတည်၍ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်ခဲ့သည့်အပြင် အောင်မင်္ဂလာရွာနှင့် အောင်သာယာရွာများဘက်သိုလည်း လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်ကာ စစ်ကြောင်းထိုးလျက်ရှိပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article