25 C
Yangon

မြင်းမူတွင် စစ်ကူလာသော စစ်ကား ၁စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၇ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂၉

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ထီးဆောင်း-အရာတော်လမ်းပိုင်း ခွက်ခွင်းရွာနှင့် ငကင်းရွာကြားတွင် PDF စခန်းများကို လာရောက် တိုက်ခိုက်သော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို စစ်ကူလာသော စစ်ကား ၁စီးကို ယနေ့ ဧပြီလ ၂၉ ရက်နေ့ နံနက် ရနာရီ ၃ဝမိနစ်ခန့်တွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ရဦးသေဆုံးကာ ၂၆ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ စစ်ကားတွင် စစ်သား ၄ဝ ခန့်ပါဝင်ကာ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် ထိခိုက် ဒဏ်ရာရရှိသူများကို မန္တလေးဆေးရွုံသို့ ပို့ဆောင်ရန် ပြုလုပ်နေစဉ် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကာ စစ်သား ထပ်မံ သေဆုံးသည့် စာရင်းကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ထိုအကြမ်းဖက် စစ်ကောင်စီ စစ်ကားကို Zero PDF တပ်ဖွဲ့နှင့် GTR တပ်ဖွဲ့က ဗုံးခွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားစဉ်အတွင်း Zero ပြောက်ကြားတပ်ဖွဲ့မှ ဒုခေါင်းဆောင် CDM ရဲတပ်သား ကိုဟိန်းထက် ကျဆုံးခဲ့ကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ထိခိုက်သေဆုံးမှု များပြားသောကြောင့် ဘေးပတ်ဝန်းကျင်ရှိ ကန်တော်ကျေးရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကာခွက်ခွင်းကျေးရွာ၊ ထိန်ကန်ကျေးရွာ၊ ဆပ္ပျာကျင်းကျေးရွာ ၊ ငကင်းတောင်ရွာ၊ ငကင်းမြောက်ရွာနှင့် ငကင်းရွာများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article