25 C
Yangon

ဒီပဲယင်း၊ မဲသည်ရွာတွင် စစ်တပ်က စစ်ရှောင်ပြည်သူ ၄ ဦးကို ပစ်ခတ်ရာ ၁ ဦးပွဲချင်းပြီးသေဆုံး၊ ယင်းတွေရွာနှင့် လပ်တီးရွာကို စစ်တပ်က မီးရှို့နေ

Must read

ရန်ကုန်၊ ဧပြီ ၂၉

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မဲသည်ရွာကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက် စီးနင်းခဲ့ပြီး စစ်ဘေးရှောင် ပြည်သူ ၄ဦး ပစ်ခတ်ရာ အမျိုးသမီး ၁ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ၁ ဦး ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သည့် Voice Of Depeyin အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် ယနေ့ နံနက်ပိုင်း ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာ များကို ဝင်ရောက် စီးနင်းနေခြင်းဖြစ်ပြီး ယင်းတွေကျေးရွာနှင့် လပ်တီးကျေးရွာကိုလည်း ဝင်ရောက် စီးနင်းမီးရှို့နေကြောင်း သိရသည်။

” နံနက်ပိုင်း ၇ နာရီ လောက်က မြို့ထဲကနေ စစ်ခွေး ခြေလျှင် အဖွဲ့တစ်ဖွဲ့က ထွက်လာတော့ နီးစပ်ရာကျေးရွာတွေ ပြေးကြတိမ်းရှောင်ကြတယ်။ ကားနဲ့ စစ်ခွေး တစ်ဖွဲ့က မဲသည်ရွာကို ချက်ချင်းဆိုသလို ရောက်လာပြီး အကြောင်းမဲ့ ပစ်သွားတာ။ တစ်ယောက်ကတော့ အသက်ပေးလိုက်ရတယ်။ အသက် ၄၀ အရွယ် အဒေါ်တစ်ယောက်ပါ။ ၃၀ အရွယ်အကိုကတော့ ခြေထောက်ထိလို့ ခွဲထုတ်လိုက်ရတယ်။ မဲသည်ကျေးရွာကပါပဲ။ အခုထိတော့ စစ်ခွေးတွေ ယင်းတွေ ကျေးရွာကို မီးရှို့နေကြတုန်းပါ။ အိမ်ခြေ ၁၅ လုံးလောက် အရှို့ခံနေကြရတယ်လို့သိရတယ်။ အခြေအနေ မငြိမ်သက်သေးလို့ ပျက်စီးမှုအခြေအနေေတော့ မသိရှိရသေးပါဘူး”ဟု Voice Of Depeyin အဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

စစ်တပ်သည် ဒီပဲယင်းမြို့နယ် အတွင်းရှိ ယင်းတွေကျေးရွာ၊ မဲသည်ကျေးရွာ၊ ရွာသစ်ကျေးရွာနှင့် လပ်တီး ကျေးရွာတို့ကို ယနေ့ နံနက်ပိုင်းတွင် ဝင်ရောက် စီးနင်းနေခြင်းဖြစ်ပြီး ဒေသခံပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း၊ လက်ရှိချိန်အထိ စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေပြီး ကျေးရွာများ အတွင်းမှ ပြန်လည် ထွက်ခွာခြင်းမရှိသေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article