25 C
Yangon

ရွှေဘိုမြို့နယ် မခေါက်ရွာအနီး တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး PDF ဘက်မှ ၁ ဦးကျဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂၉

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မခေါက်ကျေးရွာအနီး တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး PDF ဘက်မှ ၁ ဦးကျဆုံးကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က မခေါက်ကျေးရွာဘက် ထိုးစစ်ဆင်လာပြီး နတ်တောင်နဂါး (ပ က ဖ)ပြောက်ကျားတပ်ဖွဲ့နှင့် ၁၅ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ခဲ့ကြောင်း၊ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် တော်လှန်ရေးရဲဘော် ၃ ဦး လက်နက်ကြီး ကျည်ထိမှန်ပြီး ရဲဘော် ၁ ဦး ကျဆုံးကြောင်း၊ နတ်တောင်နဂါး (ပ က ဖ) ပြောက်ကျားတပ်ဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။

ဧပြီ ၂၇ ရက် ညနေပိုင်းတွင် အဆိုပါ အကြမ်းဖက် စစ်ကောင်စီအဖွဲ့ မခေါက်ရွာဘေးစခန်းချနေစဉ်တွင် နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့များနှင့်စုပေါင်း၍ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို သတ်နိုင်ခဲ့ပြီး ၄ ဦးဒဏ်ရာအပြင်းအထန်ရရှိကြောင်း၊ စစ်တပ်က ရွာထဲမှ ပြန်လည်ဆုတ်ခွာသွားပြီး ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။

ရွှေဘိုနယ် အရှေ့ခြမ်း ကျောက်မြောင်းမြို့နယ်ခွဲရှိ မခေါက်ကျေးရွာတွင် ဧပြီ ၂၇ ရက် ညနေပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီများ ဝင်ရောက်ကာ ပြည်သူ့နေအိမ် ၁၀ လုံးခန့်ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

“ဖမ်းဆီးနှိပ်စက်ခံရသူတချို့ ရှိတယ်။ နာမည်တွေတော့ မသိရသေးဘူး ။အနီးနား ရွာတွေလည်း အားလုံးနီးပါးထွက်ပြေးနေရတယ်” ဟု ဒေသခံတစ်ဦးက ပြောပြသည်။

လက်ရှိအချိန် မခေါက်ရွာထဲတွင် အကြမ်းဖက် စစ်ကောင်စီများ အင်းအားထပ်မံဖြည့်တင်းထားကြောင်း၊ အနီးနားရွာများရှိ ပြည်သူများ အချင်းချင်း အဆက်သွယ်မပြတ် ကူညီပေးခြင်း၊ စစ်ရေးသတင်း နားစွင့်၍ ဘေးလွတ်ရာသို့တိမ်း ရှောင်ကြပါရန် ဒေသတော်လှန်ရေးတပ်ဖွဲ့က နှိုးဆော်ထားသည်။

ဓာတ်ပုံ- ဧပြီလ ၂၇ ရက်နေ့ညနေပိုင်း မခေါက်ကျေးရွာကို စစ်တပ်က မီးရှို့နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article