38 C
Yangon

ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသား ၃ ဦးနှင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး၊ ထားဝယ်တွင်လည်း ပြည်သူ ၁ ဦး အကြောင်းမဲ့ ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ ဧပြီ ၂၉

ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသား ၃ ဦးနှင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးထားကြောင်း သိရှိရသည်။

ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင်၊ ကော်မတီတာဝန်ခံ ကိုကောင်းခန့်နိုင် (စတုတ္ထနှစ် ကုန်ထုတ်ဓာတုဗေဒ)၊ ကိုဟိန်းထက်ဇော် (ဒုတိယနှစ် မြန်မာစာ အဝေးသင်)၊ ကိုသီဟအောင် (ဒုတိယနှစ် ဥပဒေပညာ အဝေးသင်) တို့နှင့်အတူ (၁၂) နှစ်အရွယ် ကလေးတစ်ဦးကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၂၈ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီး ခဲ့ကြောင်း ကျောင်းသားများ သမဂ္ဂထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်က ဧပြီလ ၂၈ ရက်နေ့ ညနေပိုင်း ဒေါပုံဘောလုံးကွင်းတွင် အကြောင်းမဲ့ လာရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူ ၄ ဦးလုံးသည် ဖမ်းဆီးခံရချိန်တွင် ကျန်းမာရေးကောင်းမွန်ကြောင်း၊ အဆိုပါ ဖမ်းဆီးခံရသူများ တစ်စုံတစ်ရာဖြစ်ပွားပါက စစ်တပ်၏တာဝန်သာဖြစ်ကြောင်း ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်ထားသည်။

အလားတူ ထားဝယ်မြို့၊မြို့သစ်ရပ်ကွက်(၆)လမ်းတွင် ယနေ့ ဧပြီလ ၂၉ ရက်နေ့ နံနက် ၁နာရီခန့်တွင် ကိုမင်းယုကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဝင်ရောက် ဖမ်းဆီးသွားကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် ဝင်ရောက် ဖမ်းဆီးသွားသော ကိုမင်းယု ဆိုသူသည် ဖုန်းဆိုင်ဖွင့်ထားသူ ၁ဦးဖြစ်ပြီး မည်သည့် အတွက်ကြောင့် ဖမ်းဆီးထားပြီး မည်သည့် နေရာတွင် ဖမ်းဆီးထားသည်ကို မသိရှိရသေးဘဲ မိသားစုဝင်များက စိုးရိမ်လျက် ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article