30 C
Yangon

မြိုင်တွင် အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းကို ပြည်သူ့ ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်၊ အကြမ်းဖက်စစ်ကောင်စီဝင် ၅၀ ကျော် သေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂၉

မကွေးတိုင်း မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ ဧပြီ ၂၉ ရက် မနက် ၅ နာရီအချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဝင် ၅၀ ကျော် သေဆုံးသွားကြောင်း ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောကြားသည်။

“အလောင်းတွေက များတယ်ဗျ တန်းစီနေတုန်း ဝင်ပစ်လိုက်တာဗျ။ သူတို့ အကျအဆုံးများတော့ ရမ်းတယ်ဗျ ကျနော်တို့မစ်ရှင်ပြီးတော့ အတော်ကို အလွတ်ရုံးထွက်ခဲ့ရတယ်ဗျ အခုထိ အလောင်းတွေ မကောက်နိုင်သေးဘူးဗျ” ဟု ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့များမှာ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့၊တွေ့ရာသင်္ချိုင်းဓါးမဆိုင်းတပ်ဖွဲ့၊Fucture Generation ပြောက်ကျားတပ်ဖွဲ့၊Myaing warriors၊Myain Garuda၊ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊West Plainေပြာက်ကျားတပ်ဖွဲ့၊Myaing People defence force ၊PRA တပ် ခွဲ (၁၂)နှင့်ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ဖြစ်ကြကြောင်း ကျားသစ်နက် ပျောက်ကျားတပ်ဖွဲ့ထံမှ သိရှိရသည်။

“မနက် ၅ နာရီဆိုတော့ အလစ်ငိုက်ကို ဝင်တိုက်ပစ်တာဗျ။ သူတို့နေတဲ့ နေအိမ်သုံးလုံးကို ပြာကျအောင် ရှို့ခဲ့ပြီးမှ ထွက်လာတာဗျ။ ဘုန်းကြီးကျောင်းကိုတော့ ဘာမှ မလုပ်ခဲ့ဘူး” ဟု ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောကြားသည်။

ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များနှင့် ဝင်ရောက်စခန်းစီးတိုက်ခိုက်နေချိန်တွင် ပေါက်၊ မြိုင်နှင့် ကမ္မဘက်မှ စစ်ကူများ ဝင်ရောက်လာသည့်အတွက် တပ်ဆုတ်ခဲ့ကြရပြီး တိုက်ပွဲအတွင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့ရကြောင်း ရန်ကုန်ခေတ်စစ်သို့ အတည်ပြုပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article