30 C
Yangon

ရန်ကုန်၊ မန္တလေး၊ မကွေးတို့တွင် ပျူစောထီး၊ သတင်းပေးဟုသတ်မှတ်ခံရသူ ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂၉

ရန်ကုန်၊ မန္တလေး၊ မကွေးတို့တွင် ပျူစောထီး၊ သတင်းပေးဟုသတ်မှတ်ခံရသူ ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

မန္တလေးတိုင်းဒေသကြီး၊စဥ့်ကူးမြို့နယ်၊ရှောက်ပင်ရိုးကျေးရွာအတွင်း နေထိုင်သော ပျူစောထီးခေါင်း ဆောင် ကျော်သိန်းကို ယနေ့ မွန်းတည့် ၁၂ နာရီ ၄၀ မိနစ်အချိန်စဥ့်ကူးမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ လက်အောက်ခံ “ဥဒေါင်းမင်းအဖွဲ့မှ” ဗိုလ်ဝါကြီး ´ဦးဆောင်‌၍ သေနတ်ဖြင့် ၅ ချက်ပစ်ခတ်ရာ သေဆုံးသွားကြောင်း သိရှိရသည်။


အလားတူ ရန်ကုန်တိုင်း၊ သုံးခွမြို့နယ် ဝက်စုပတုပ်ကျေးရွာမှ စစ်တပ်သတင်းပေးဟု သတ်မှတ်ခံထားရသူ ကျော်မင်းကို ယနေ့ ဧပြီလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီခန့်က အမည်မသိအဖွဲ့တစ်ခုက သေနတ် ၁၅ ချက်ပစ်ခတ်ခဲ့ကြောင်း ကျော်မင်းမှာ နေရာမှာတင်ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မကွေးတိုင်း၊ မြို့သစ်မြို့၊ မကြီးချို(တောင်)ကျေးရွာရှိ စစ်ကောင်စီတပ်များကို သတင်းပေးနှင့် ထောက်ပံ့ရေး လုပ်နေသူ ၊ ကျေးရွာပြည်သူများထံမှ ဆက်ကြေးတောင်းခံသူ အေးယုဌေးကို ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ယနေ့ နံနက် ၁ နာရီတွင် သတ်ဖြတ်လိုက်ကြောင်း၊ သတ်ဖြတ်ခံရသူ အေးယုဌေးသည် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဆယ်မောင်၏ သမီး ဖြစ်ပြီး အဖေဖြစ်သူမှာလည်း လက်နက်ကိုင်ဆောင်ထားသူဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- သုံးခွမြို့နယ်မှ သတင်းပေးဟုသတ်မှတ်ခံရသူ ဆယ်မောင် အသတ်ခံထားရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article