38 C
Yangon

စစ်တပ်က ခရီးသည်ကားတွေကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူ ၃ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရဟု ပုလော PDF မဟာမိတ်တပ်ပေါင်းစုက ရှင်းလင်း

Must read

ရန်ကုန်၊ ဧပြီ ၂၉

တနင်္သာရီတိုင်း၊ ပုလောမြို့အနီး ခရီးသည်တင်ယာဥ်နှစ်စီးပစ်ခတ်ခံရမှုဟာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိလိုက်လံပစ်ခတ်ခဲ့တယ်လို့ ပုလောမြို့နယ် ပြည်သူ့ ကာကွယ်ရေး မဟာမိတ် တပ်ပေါင်းစုက ရှင်းလင်းထုတ်ပြန်ပါတယ်။

ဧပြီလ ၂၈ ရက် ညနေ ၅ နာရီဝန်းကျင်က ပုလောမြို့၊ သစ်လှတောရွာအနီး စစ်ကောင်စီကားကို မိုင်းဆွဲတိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်နေချိန်မှာ ရန်ကုန်-မြိတ် ခရီးသည်ယာဥ်တချို့ မထင်မှတ်ဘဲဖြတ်သန်းဝင်ရောက်လာတဲ့အတွက် ခရီးသည်တချို့ ဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ရှင်းလင်းချက်မှာဖော်ပြထားပါတယ်။

တိုက်ပွဲကြောင့် ပြည်သူတွေထိခိုက်သေဆုံးခဲ့မှုတွေအတွက် ပုလောမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ပေါင်းစုအနေနဲ့ အထူး ကြေကွဲဝမ်းနည်းရပြီး ထိခိုက်နစ်နာသူ အပါအဝင် ဆက်စပ် ပတ်သက်သူများအားလုံးကို ညှိုးငယ်သော စိတ်နှလုံးဖြင့် လေးလေးနက်နက် တောင်းပန်ကြောင်းကိုလည်း ဖော်ပြထားပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တွေဟာ ခရီးသည်ကားတွေနောက်ကိုလိုက်ပြီး ထပ်မံပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ရှင်းလင်းချက်မှာဖော်ပြထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေကို နာမည်ဖျက်လိုတဲ့အတွက် စစ်ကောင်စီတပ်က ခရီးသည်ကားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့လို့ ပြည်သူတွေထိခိုက်ဒဏ်ရာရသူဦးရေဟာ ပုံမှန်ထက်ပိုများခဲ့တယ်လို့ ပုလောမြို့နယ် ပြည်သူ့ ကာကွယ်ရေး မဟာမိတ် တပ်ပေါင်းစုက ရှင်းလင်းထုတ်ပြန်ပါတယ်။

မနေ့ညနေက ရတနာတိုးခရီးသည်တင်ကားနဲ့ ရွှေလီရတနာခကီးသည်တင်ကားတို့ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး အမျိုးသားသုံးဦးသေဆုံးကာ နှစ်ဆယ်ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီထောက်ခံသူတွေနဲ့ လော်ဘီ လူမှုကွန်ရက်စာမျက်နှာတွေကတော့ ဒီဖြစ်စဥ်ကို PDF တွေကလုပ်ဆောင်တာဆိုပြီး ရေးသားထုတ်ပြန်တာတွေရှိနေပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article