30 C
Yangon

တရုတ်ဝမ်ပေါင်နှင့် စစ်တပ်ဦးပိုင် ဖက်စပ် လက်ပံတောင်းကြေးနီစီမံကိန်း လုပ်ငန်းလည်ပတ်ခြင်း မပြုရန် PDFတပ်ပေါင်းစုက ထပ်မံ သတိ ပေး၊ စီမံကိန်း အနီး စျေးဆိုင်များ မထွက်ရန်လည်း တားမြစ်

Must read

ရန်ကုန်၊ မေ ၂

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ တရုတ်ဝမ်ပေါင်နှင့် စစ်တပ်ဦးပိုင် ပူးပေါင်းဆောင်ရွက်နေသော လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လုပ်ငန်းလည်ပတ်ခြင်း မပြုရန် ဆားလင်းကြီး PDFနှင့်မဟာမိတ်များ က ထပ်မံ သတိပေးချက်ထုတ်ပြန်လိုက်သည်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီနှင့် မြန်မာစစ်တပ်ပိုင် ဦးပိုင် ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ပြန်လည်ပတ်ခွင့်ပြုမည်မဟုတ်ကြောင်း Salingyi People’s Force (S.P.F) နှင့် ဒေသခံ မဟာမိတ်အဖွဲ့များက မေလ၂ရက်နေ့တွင် ထပ်မံ သတိပေးသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အနီးနားရှိ စျေးဆိုင်၊ စတိုးဆိုင် ၊ဘီယာဆိုင် ၊လေထိုးကျွတ်ဖာဆိုင် စသည့်ဆိုင်များအားလုံးနှင့် CDMမလုပ်ဆောင်သော ကြေးနီစီမံကိန်းမှ ဝန်ထမ်းများအားလုံး မေ ၅ ရက်နေ့ နောက်ဆုံးထား၍ လုပ်ငန်းများ ပြန်လည် မလည်ပတ်ရန် အထူးမေတ္တာရပ်ခံအပ်ကြောင်း၊ တားမြစ်ထားသည့်ကြားမှ အလုပ်သမားများ လုပ်ငန်း ခွင်ဝင်ပါက ဝန်ထမ်းများ ထိခိုက်မှုများအတွက် တာဝန်ယူမည် မဟုတ်ကြောင်း Salingyi People’s Force (S.P.F) ဦးဆောင်သူ ဗိုလ်ထွဋ်ခေါင်ကပြောသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသည် ကျေးရွာ ၂၆ ရွာမှ မြေယာများကို သိမ်းဆည်းပြီး နှစ် ၆၀ စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စစ်တပ်အကျိုးအမြတ် ရရှိသော စီမံကိန်းတစ်ခု ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်နှင့် တရုတ်သမ္မတရှီကျင့်ပင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article