38 C
Yangon

မင်းအောင်လှိုင် ညွှန်ကြားချက်အရ မန္တလေးတိုင်း၊ သာစည်မြို့နယ်တွင် ပြည်သူ့လုံခြုံရေးအမည်ခံအဖွဲ့ဝင် ၅၉၉ ဦး စုဆောင်း

Must read

ရန်ကုန်၊ မေ ၁

အကြမ်းဖက် မင်းအောင်လှိုင် ညွှန်ကြားချက်အရ မန္ဆလေးတိုင်း၊ သာစည်မြို့ နယ်မှာ ပြည်သူ့လုံခြုံ ရေးအမည်ခံအဖွဲ့ဝင် ၅၉၉ ဦး စုဆောင်းထားရှိတယ်လို့ သာစည်မြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရပါတယ်။

ပြည်သူ့လုံခြုံရေးအဖွဲ့မှာ ရဲတပ်ဖွဲ့ဝင်တွေပါဝင်ပြီး လိုအပ်တဲ့ သင်တန်းတွေကို ရဲတပ်ဖွဲ့ဝင်တွေဘက်က ပေးမယ်လို့ သာစည်ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

စစ်တပ်ရဲ့ အမိန့်အရ မဖြစ်မနေပါဝင်ရတာဖြစ်ပြီး အများစုကတော့ စစ်ကောင်စီ လက်ကိုင်တုတ် အဖွဲ့မှာ မပါဝင်ချင်ကြဘူးလို့ သိရပါတယ်။ တချို့အဖွဲ့ဝင်တွေကတော့ စစ်တပ်ဘက်က အတင်းအကျပ် နာမည်စာရင်း ထည့်သွင်းတာလို့လည်းသိရပါတယ်။

YMBA ၊ ရဲတပ်ဖွဲ့၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ ပြည်သူ့စစ်၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်း၊ ဒေသအကျိုးလိုလားသူ၊ ကြံ့ခိုင်ရေးပါတီ၊ ဘာသာရေးအဖွဲ့တွေ အပါအဝင် စုစုပေါင်း ၅၉၉ ဦး ရှိတယ်လို့ သိရပါတယ်။

မင်းအောင်လှိုင်စီမံချက်ဖြစ်တဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ ဖွဲ့ဖို့ မြို့နယ်၊ ရပ် ကွက် တွေမှာ စတင် လူစုနေပြီး ဖွဲ့စည်းမှုတွေ လည်း စတင်လုပ်ဆောင်လာနေပြီဖြစ်ပါတယ်။

မဘသ၊ YMBA ၊ ပြည်သူ့စစ်၊ ရဲ၊ စစ်မှုထမ်းဟောင်း ၊ ကြက်ခြေနီ၊ မီးသတ် အပါအဝင် စစ်တပ်ထောက် ခံသူတွေ ပါဝင်တဲ့ ပြည်သူ့လုံခြုံရေး အမည်ခံအဖွဲ့တွေ စမ်းသပ် ဖွဲ့စည်းဖို့ အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင်က မတ်လ ၃ ရက်နေ့ ကျင်းပပြုလုပ်တဲ့ စစ်ကောင်စီ လုံခြုံရေးအစည်း အဝေးတွေမှာ လျှို့ဝှက်ညွှန်ကြားခဲ့တာလည်းဖြစ်ပါတယ်။

အခုတော့ အဲဒီညွှန်ကြားချက်အတိုင်း ရပ်ကွက်တိုင်းမှာ လူ ၂၀ ဦးပါဝင်တဲ့ လုံခြုံရေးအဖွဲ့စာရင်းတွေကို စစ်တပ်က ဧပြီလ ၂၈ ရက်နေ့မှာ စတင်ကောက်ခံနေပြီဖြစ်ပါတယ်။

လူစာရင်းကို ရပ်ကွက်အလိုက် မဖြစ်မနေ ပေးရမယ်လို့ သိရှိရပြီး လူ ၂၀ မှာ စစ်မှုထမ်းဟောင်း၊ ရဲမှုထမ်းဟောင်း၊ ဌာနဆိုင်ရာဝန်ထမ်းဟောင်း၊ ပြည်သူ့စစ်၊ ရပ်ရွာအကျိုးလိုလားသူ၊ ပရဟိတအဖွဲ့ဝင်တွေ၊ ဘာသာရေးအဖွဲ့တွေ၊ အရန်မီးသတ်၊ ကြက်ခြေနီတွေ ပါဝင်ရမယ်လို့ အမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်

အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ဇော်မင်းထွန်းကတော့ ပြည်သူတွေပါဝင်မယ့် ပြည်သူ့လုံခြုံရေးစနစ် အကောင် အထည်ဖော်နေပြီး ဒီစနစ်ကြောင့် အကြမ်း ဖက်မှုတွေ လျှင်မြန်စွာချုပ်ငြိမ်းသွားမှာဖြစ်တဲ့အကြောင်း၊ ပြည်သူ့လုံခြုံရေးအဖွဲ့တွေကို လက်နက်နဲ့ လိုအပ်တာတွေ တပ်ဆင်ပေးမယ်လို့ ဧပြီလ ၂၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article