25 C
Yangon

စေတုတ္တရာနှင့်ဒီပဲယင်းတို့တွင် အမျိုးသား ၃ ဦးကို စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားပြီး အသက် အန္တရာယ် စိုးရိမ်နေရ

Must read

ရန်ကုန်၊ မေ ၂

မကွေးတိုင်း စေတုတ္တရာမြို့ အောက်ဝေါကျေးရွာသား ကိုအောင်မြင့်ထွန်းနှင့် မောင်ပုတို့ကို အကြမ်းဖက် စစ်တပ်က မေလ ၂ ရက်နေ့ နံနက် ၂နာရီခန့်တွင် ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ရိုက်နှက်ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ထိုသို့ ဒေသခံပြည်သူ ၂ဦးကို ဖမ်းဆီးခြင်းသည် ဧပြီလ ၂၇ ရက်နေ့က မကွေးတိုင်း ငဖဲ-စေတုတ္တရာ လမ်းပိုင်းရှိ မဏ္ဍပ်ကိုင်းကျေးရွာ အနီးတွင် စစ်တပ် ယာဉ်တန်း မိုင်းဆွဲ ခံရသော ဖြစ်စဉ်နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်ပြီး ယင်း ဒေသခံပြည်သူ ၂ဦးသည် PDF တပ်ဖွဲ့ဝင်များနှင့် ဆက်စပ်မှု မရှိသူများသာဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

” စစ်တပ်ယာဉ်တန်းကို PDFက မိုင်းခွဲလို့ ကားနှစ်စီး ပျက်စီးသွားတယ် အဲဒီအတွက်နဲ့ မနေ့က ရွာက ရွာသား ၂ဦးကို စစ်တပ်က ညဘက်ကြီး ဝင်ဖမ်းသွားတယ်။ အဖမ်းခံရတဲ့သူတွေက အာက်ဝေါကရွာသား ၂ဦး သူတို့က ဘာ PDFမှလည်း မဟုတ်ဘူး။ရိုရိုး အရပ်သားတွေ လယ်လုပ်ယာလုပ်သမားတွေ အဖမ်းခံရတော့ အင်င်္ကျီတောင် တစ်ယောက်မှ ပါမသွားဘူး။ သူတို့က ပူလို့အပေါ် အင်င်္ကျီချွတ်ပြီး အိပ်ကြတာ အဲဒီအတိုင်းပဲ လက်ထိပ်ခတ်ပြီး ဖမ်းသွားကြတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဧပြီလ ၂၆ ရက်နေ့ ဒီပဲယင်း ဆရာစံခန့်းမရှေ့တွင် နတ်များကျေးရွာသား ဦးမျိုးဝင်းအောင်ကို အင်အားအလုံးအရင်းဖြင့် ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဦးမျိုးဝင်းအောင်သည် အကြမ်းဖက် စစ်တပ်က ပုဒ်မ ၅ဝ၅(က)ဖြင့် ဖမ်းဆီး ထောင်ချပြီးနောက် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသူ ဖြစ်ပြီး ယခု ဒုတိယအကြိမ် ထပ်မံ ဖမ်းဆီးခံရခြင်းဖြစ်ကာ မည်သည့်အတွက်ကြောင့် ဖမ်းဆီးသည်ကို မသိရသေးကြောင်း သိရသည်။

“ဦးမျိုးဝင်းက ၅၀၅ (က)နဲ့ တရားစွဲခံရပြီး ထောင်ကျသွားတာ လွတ်လာတာ မကြာသေးဘူး။ အခုထပ်အဖမ်းခံရတာ အခုထိ ဘယ်မှာထားလဲဆိုတာ အဆက်အသွယ် မရဘူးဖြစ်နေတယ်။ အင်အား အလုံးအရင်းနဲ့ ရိုက်နှက်ပြီး ဖမ်းသွားတာ အသက်အန္တရာယ်အတွက် စိုးရိမ်နေရတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article