25 C
Yangon

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ခွန်ထွန်းဦး ဈာပန ရန်ကုန်၊ ရေဝေးသုသာန်တွင် ပြုလုပ်

Must read

ရန်ကုန်၊ မေ ၂

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီ ဥက္ကဌဟောင်း ခွန်ထွန်းဦး၏ ဈာပနအခမ်းအနားကို ရန်ကုန်မြို့၊ ရေဝေးသုသာန်တွင် ယနေ့ မေလ ၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

အသက် ၇၉ နှစ်ရှိ ခွန်ထွန်းဦးသည် ရန်ကုန်မြို့၊ ကိုးမိုင်ရှိ နေအိမ်တွင် ဧပြီလ ၃၀ ရက် နေ့လယ်ပိုင်း၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ခွန်ထွန်းဦးသည် သီပေါစော်ဘွား စဝ်ကြာဆိုင်၏ တူတော်စပ်သူဖြစ်ပြီး မြန်မာ့နိုင်ငံရေးလောကတွင် အများက လေးစားခြင်းခံရသူတစ်ဦးဖြစ်သည်။

အသက် ၇၉ နှစ် ရှိ ဦးခွန်ထွန်းဦးသည် ၁၉၈၈ လူထူအရေးတော်ပုံကာလနောက်ပိုင်းတွင် SNLD ပါတီကို ဦးဆောင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် သီပေါမြို့နယ်၌ ယှဉ်ပြိုင်အနိုင်ရခဲ့သူဖြစ်သည်။

၂၀၀၂ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP တွင် SNLD ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သူလည်း ဖြစ်သည်။

၂၀၀၅ ခုနှစ်တွင် ဦးခွန်ထွန်းဦးကို နအဖ စစ်အစိုးရက နိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင်ဒဏ် အနှစ် ၉၀ ကျော် ချမှတ်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သူဖြစ်သည်။

ဦးခွန်ထွန်းဦး ကွယ်လွန်သွားခြင်းသည် SNLD ပါတီနှင့် ရှမ်းလူထုအတွက် ကြီးမားသည့် ဆုံးရှုံးမှုဖြစ်ကြောင်း မြန်မာ့နိုင်ငံရေးအသိုင်းအဝန်းက ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article