25 C
Yangon

ကောလင်းတွင် ရဲတပ်ဖွဲ့ဝင် ၃ ဦး လက်နက်များနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ထံ CDM ဝင်၊ ဝေါ်လေအခြေစိုက် တပ်ကြပ်နှင့် ဒုတပ်ကြပ် လက်နက်များနှင့်အတူ KNDO ထံ အလင်းဝင်

Must read

ရန်ကုန်၊ မေ ၃

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့တခုထံ အင်းတော်အခြေစိုက် ရဲ ၃ ဦး လက်နက်များနှင့်အတူ CDM ပြုလုပ်လာကြောင်း သတင်းရရှိသည်။

အဆိုပါ ရဲ ၃ ဦးသည် အင်းတော်အခြေစိုက် ရဲတပ်ဖွဲ့ဝင်များဖြစ်ပြီး Uzi သေနတ် ၁ လက်၊ G3 ၂ လက်၊ လက်ပစ်ဗုံး ၄ လုံး၊ 7.62 ကျည် ၁၂၆၂ တောင့်၊ ၉ မမ ကျည် ၁၈၁ တောင့်နှင့် ရဲအသုံးအဆောင်ပစ္စည်းအချို့နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်လာခြင်းဖြစ်ကြောင်း The 74 Media တွင် ဖော်ပြသည်။

အလားတူ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါ်လေအခြေစိုက် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း စအရ ၉၀၄ မှ တပ်ကြပ် ဝင်းနိုင်နှင့် ဒုတပ်ကြပ်ပြုံးချို တို့ ၂ ဦး ၎င်းတို့ကိုင်ဆောင်သည့် MA1 သေနတ် ၂ လက်၊ ကျည်ဘောက် ၅ ခု ကျည်ဆံ ၁၀၀ ကျော်၊ လက်ပစ်ဗုံး ၄ လုံးနှင့်အတူ KNDO လုံခြုံရေးတပ်ရင်းနှင့် ချိတ်ဆက်ကာ လာရောက်ပူးပေါင်းခဲ့ကြောင်း ကရင်သတင်းဌာန KIC တွင် ဖော်ပြသည်။

“ကျနော်ကတော့ ပြည်သူတွေနဲ့ပဲ ပူးပေါင်းမယ်။ နောက်ပြီးတော့ ဒီစစ်ကောင်စီကို ဒီကအဖွဲ့အစည်းနဲ့ပူးပေါင်းပြီးတော့မှ ကျနော်ပြန်ပြီးတွန်းလှန်တိုက်ခိုက်မယ်။ မရရအောင်တော့ ကျနော်တိုက်ယူမှာပဲ။ ကျနော့်စိတ်ထဲမှာတော့ ဟိုးအစောကြီးကတည်းကလည်းပဲ ဒီထဲမှာ ပူးပေါင်းဖို့ရှိပါတယ်။”ဟု တပ်ကြပ်ဝင်းနိုင်က KIC သို့ ပြောသည်။

ဒုတပ်ကြပ် ပြုံးချိုကလည်း ” ရှေ့ဆက်ပြီးတော့ ကျနော်တို့ လုပ်ဆောင်သွားရမှာက ဒီစစ်ကောင်စီကို တွန်းလှန်ဖို့ပေါ့။ ကျနော်ရှိနေသရွေ့လည်း ဆက်ပြီးတွန်းလှန်မယ်။ ” ဟု KIC သို့ပြောသည်။

ကရင်အမျိုးသားအစည်အရုံး KNU တပ်မဟာ ၆ နယ်မြေတွင် စစ်ကောင်စီ၏ ဒုတပ်ရင်းမှူးအဆင့် အပါအဝင် တပ်ဖွဲ့ဝင် ၂၈ ဦးခန့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ထံ လာရောက်ပူးပေါင်းထားကြောင်း သတင်းရရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article