25 C
Yangon

အကြမ်းဖက်စစ်ကောင်စီတပ်က မီးတင်ရှို့၍ အရာတော်မြို့နယ်၊ မလဲသာကျေးရွာ ရွာလုံးကျွတ် ပြာကျ

Must read

ရန်ကုန်၊ မေ ၄

မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီတပ် တပ်ဖွဲ့ဝင်များက မေလ ၂ ရက်နေ့တွင် အရာတော်မြို့နယ်၊ မလဲသာကျေးရွာကို ဝင်ရောက်ကာ အကြောင်းမဲ့ မီးတင်ရှို့မှုကြောင့် ရွာလုံးကျွတ် မီးလောင်ပြာကျခဲ့ရသည်။

မလဲသာကျေးရွာသည် အိမ်ခြေ ၁,၀၀၀ နီးပါး ရှိသော ရွာကြီး ၁ ရွာဖြစ်ပြီး အရာတော်မြို့နယ်နှင့် မြင်းမူမြို့နယ် အစပ်တွင် တည်ရှိသည်။

“စစ်တပ်က မေလ ၂ ရက်၊ မနက် ၉ နာရီလောက်မှာ ရွာထဲကိုရောက်လာတယ်ဗျ၊ အဲဒီအချိန်မှာ ရွာထဲမှာ လူတစ်ယောက်မှ မရှိတော့ဘူးဗျ ၊ နေ့လယ် ၁၂ နာရီလောက်လည်းရောက်ရော မီးစရှို့တော့တာပဲဗျ။ အိမ်ခြေ ၉၀ ရာခိုင်နှုန်းလောက် ပြာကျသွားတယ်။ ရွာသားဒေသခံတွေကတော့ စစ်ခွေးတွေ မလာခင် ကြိုတင်တိမ်းရှောင်နိုင်ခဲ့လို့ ဒေသခံတွေထိခိုက်သေဆုံးခြင်းတော့ မရှိပါဘူးဗျ” ဟု မလဲသာကျေးရွာသား ၁ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အင်အား ၂၀၀ ခန့်ပါဝင်သော အဆိုပါ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့သည် မုံရွာမြို့နယ်၊ ဗောဓိတစ်ထောင် တောင်ကြောဘက်မှ ခြေလျင်ဖြင့် စစ်ကြောင်း ထိုးလာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီစစ်ကြောင်းများသည် အရာတော်နှင့် မြင်းမူမြို့နယ်ကြားကျေးရွာများကို ဝင်ရောက်မွှေနှောက် မီးရှို့ဖျက်ဆီးနေခြင်းကြောင့် မလဲသာ၊ ကန်ရင်း၊ ညောင်ပင်၊ ပဒတ္ထိုင်း ကျေးရွာများမှ ဒေသခံ သောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article