25 C
Yangon

တရုတ်ဝမ်ပေါင်၏ လက်ပံတောင်းကြေးနီစီမံကိန်းအတွက် လုံခြုံရေးအင်အား လာရောက်ဖြည့်တင်းသည့် စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲခံရပြီး စစ်သား ၁၅ ဦးခန့် ထိခိုက်နိုင်၊ သေဆုံးသူများလည်းရှိနိုင်

Must read

ရန်ကုန်၊ မေ ၄

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ရှိ စစ်တပ် ဦးပိုင်နှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့၏ ကြေးနီစီမံကိန်းကို လုံခြုံရေးအင်အား တိုးမြှင့်ပေးရန် လာသည့် စစ်ကောင်စီယာဉ်တန်း ဆားလင်းကြီး စံပယ်အိမ်ရာအနီးတွင် မိုင်းခွဲခံရပြီး ၁၅ ဦးခန့် ထိခိုက်နိုင်ကြောင်း သတင်းရရှိသည်။

အဆိုပါစစ်ကောင်စီယာဉ်တန်းသည် မုံရွာကွန်ပျူတာ တက္ကသိုလ်ဘက်မှ ယနေ့ မေလ ၄ ရက်အစောပိုင်းတွင် ထွက်ခွာလာခြင်းဖြစ်ပြီး နံနက် ၅ နာရီခန့် စပယ်အိမ်ရာအနီးတွင် ရောက်လာစဉ် NRF ပြောက်ကျားအဖွဲ့နှင့် Alpha Special Force ပြောက်ကျားအဖွဲ့တို့က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကား ၁ စီး မြောက်တက်သွားပြီး ၁၅ ဦးခန့် ထိခိုက်နိုင်ကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက သတင်းထုတ်ပြန်သည်။

ယင်းအပြင် ဆားလင်းကြီးမှ ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီကား ၁ စီးကိုလည်း ဒူးထောက်ရွာအနီးတွင် ဒေသခံပြည်သူ့ကာကွယ်ရေးပြောက် ကျားတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရရှိသွားကြောင်း ချင်းတွင်းရိုးမ တပ်ပေါင်းစုက ဆိုသည်။

လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် လက်ပံတောင်းတောင်အရှေ့ဘက် ရွှေလှေရွာအနီးနှင့် ဖောင်းကတာရွာ၊ မိုးကြိုးပြင်ရွာ၊ ဖောင်းကားရွာ၊ ကန်တောရွာတစ်ဝိုက်တွင် ကင်းပုန်းများ ချထားပြီး မုံရွာနန်ချွန်ကူးတို့ဘက်မှာလည်း အင်အားများဖြည့်တင်းနေကြောင်း၊ လက်ပံတောင်းတောင် တစ်ဝိုက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲများက လက် နက်ကြီးများနှင့် ပစ်ခတ်နေကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစု၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article