25 C
Yangon

ရွှေဘို၊ ဒေါပုံနှင့် သထုံတွင် သွေးသောက်အဖွဲ့ဝင် ၃ ဦး ရှင်းလင်းခံရ၊ တွံတေးတွင် ဒလန်ဟု သတ်မှတ်ခံထားရသူ ဦးမြဦး ပစ်ခတ်ရှင်းလင်းခံရ

Must read

ရန်ကုန်၊ မေ ၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် ‘ကမ္ဘာကြီး’ ဟု အများက ခေါ်ဆိုကြသည့် သွေးသောက်အဖွဲ့ဝင်ကို ယနေ့ မေလ ၄ ရက်တွင် ရှင်းလင်းလိုက်ကြောင်း ယမ်းဘီလူးအဖွဲ့က သတင်းထုတ်ပြန်သည်။

ရွှေဘိုမြို့၊ အမှတ် ၆ ရပ်ကွက်တွင်နေထိုင်သော ‘ကမ္ဘာကြီး’ ဆိုသူ သွေးသောက်အဖွဲ့ဝင်ကို ၎င်းဆိုင်ကယ်စီးလာစဉ် ရွှေဘိုမြို့အထွက် ကားကြီးဝင်းအနီးတွင် ယမ်းဘီးလူးအဖွဲ့နှင့် SBDF တို့က ပစ်ခတ်ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ရန်ကုန်မြို၊ ဒေါပုံမြိုနယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ ဗိုလ်ဆွန်ပက်လမ်း တောင်ပိုင်းတွင် သွေးသောက်အဖွဲ့ ဖွဲစည်းကာ သင်တန်းပေးနေသူ ရာအိမ်မှူး အောင်ဖြိုး ကို မေလ ၂ ရက် မနက်ပိုင်းတွင် သုတ်သင်ရှင်းလင်းလိုက်ပြီ ဖြစ်ကြောင်း Soul Takers-Yangon Underground Force အဖွဲ့ထံမှ သိရှိရသည်။

စစ်ကောင်စီခန့် ရာအိမ်မှူးအောင်ဖြိုးသည် ဒေါပုံမြိုနယ်နှင့် သာကေတမြိုနယ်တွင်းရှိ စစ်အာဏာရှင်ကို ဆန့်ကျင်သော ပြည်သူများ၏ သတင်းအချက် အလက်များကို စစ်ကောင်စီထံ သတင်းပေးနေခြင်း၊ ပြည်သူများကို ခြိမ်းခြောက်နေခြင်းများ ပြုလုပ်ကြောင်း Soul Takers အဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ ယမန်နေ့ မေလ ၃ ရက် ည ၈ နာရီခွဲခန့်တွင် သွေးသောက်အဖွဲ့ဝင်ဟု ကြုံးဝါးကာ ပြည်သူများကို ခြိမ်းခြောက်နေသော သထုံမြို့နယ်၊ ဝင်းစိန်ကေးရွာရှိ ခွန်မျိုးဦးကို သထုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။

ခွန်မျိုးဦးသည် ဆေးရုံအောက်ခြေဝန်ထမ်းတစ်ဦးဖြစ်ပြီး ဆေးရုံ CDM ဝန်ထမ်းများကို ဖိအားပေးခြမ်းခြောက်သူ ဖြစ်ကြောင်း၊ ရပ်ရွာအတွင်း သွေးသောက်အဖွဲ့ဝင်ဟု ကြုံးဝါးနေသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

သွေးသောက်အဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီ၏ လက်ဝေခံ အဖွဲ့တဖွဲ့ဖြစ်ပြီး ၎င်းတို့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ မိသားစုများ၊ NLD ပါတီဝင်များ၊ စစ်အာဏာရှင်ကို ဆန့်ကျင်နေသည့် အနုပညာရှင်များ၏ မိသားစုများကို ‘တိုက်ခိုက်ချေမှုန်းမည်ဟု ကြုံးဝါးထားသလို စစ်ကောင်စီလော်ဘီများကလည်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နာများတွင် သွေးသောက်အဖွဲ့၏ လုပ်ရပ်များကို အမွှန်းတင် ပြောဆိုနေကြသည်။

အလားတူ ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ နာမည်ကြီးဒလန်ဟု အများက သတ်မှတ်ထားသူ ဦးမြဦးကို ယမန်နေ့ မေလ ၃ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် အမည်မသိ အမျိုးသား ၂ ဦးက သေနတ်ပစ်ခတ် ရှင်းလင်းလိုက်ကြောင်း သတင်းရရှိသည်။

ရှမ်းစုကျေးရွာနေ ဒလန်မြဦးကို တွံတေးမြို့၊ မင်းပိုင်းရပ်ကွက်၊ မင်းရဲကျော်စွာလမ်းနှင့် အလောင်းဘုရားလမ်းထိပ်၊ ကမ္ဘာ့ရတနာဘဏ်အရှေ့တွင် အမည်မသိအမျိုးသား ၂ ဦးက သေနတ် ၃ ချက် ပစ်ခတ်ရှင်းလင်းသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဓါတ်ပုံ – ရွှေဘိုတွင် ဆိုင်ကယ်စီးလာစဉ် ပစ်ခတ် ရှင်းလင်းခံလိုက်ရသည့် သွေးသောက်အဖွဲ့ဝင် ကမ္ဘာကြီးဆိုသူ အမျိုးသား

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article