25 C
Yangon

ခင်ဦးတွင် စစ်ဆေးရေး ပြုလုပ်ရန် ရောက်လာသည့် စစ်ကြောင်း မိုင်းဆွဲ ခံရကာ စစ်သား ၁၉ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၆

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ရွာသစ်ကုန်းကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်သည် ကျေးရွာအနီးရှိ အင်းပတ်ကွေ့တွင် စစ်ဆေးရေး ပြုလုပ်ရန် ထွက်ခွာလာစဉ် ယနေ့ မေလ ၆ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၁၉ ဦးသေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းတွင် အင်အား ၃၀ ခန့်ပါဝင်ပြီး Khin U Support Organization-KSO အဖွဲ့မှ ပဒေသာမိုင်း ၆ လုံးဖြင့် ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စစ်သား ၁၉ ဦးသေဆုံးပြီး ၅ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Photo – Khin U Support Organization – KSO တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article