25 C
Yangon

ဂန့်ဂေါမြို့နယ် စစ်တပ်ထုတ်ကုန်များအားလုံး တားမြစ်ထုတ်ကုန်များအဖြစ် သတ်မှတ်၊ ဂန့်ဂေါ-ကလေးလမ်းပိုင်းကို ဂိတ် ၅ ခုထားရှိ၍ PDF များက ထိန်းချုပ်စစ်ဆေး

Must read

ရန်ကုန်၊ မေ ၇

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် စစ်တပ်ထုတ်ကုန်များအားလုံးကို တားမြစ်ထုတ်ကုန်များအဖြစ် ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတ်မှတ်လိုက်ပြီး ဂန့်ဂေါ-ကလေးလမ်းပိုင်းကိုလည်း PDF တပ်များက ထိန်းချုပ် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

မကွေးတိုင်း၊ ဂန့်ဂေါ – ကလေး လမ်းပိုင်းတွင် ဂန့်ဂေါမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ များစုပေါင်းပြီး စုပေါင်းစစ်ဆေးရေး ဂိတ် ၅ နေရာထားရှိကာ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး တားမြစ်ထုတ်ကုန်နှင့် ကန့်သတ်ကုန်ပစ္စည်းများ သယ်ယူ ရောင်းဝယ်ခြင်းပြုလုပ်ပါက သက်ဆိုင်ရာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့်မြေပြင်ပူးပေါင်းတပ်ဖွဲ့များမှစစ်ဆေးဆုံးဖြတ် အရေးယူသွားမည်ဖြစ်ကြောင်း သက်ဆိုင်ဒေသကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် ဂန့်ဂေါ – ကလေး လမ်းပိုင်းကို Phoenix Defence Battalion (အထူးတိုက်ခိုက်ရေးဒရုန်းတပ်ဖွဲ့ ၊ YDF – တပ်ရင်း – 4)က ဦးဆောင်ပြီး ဂန့်ဂေါမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ စုပေါင်း၍ စစ်ကောင်စီ တပ်များနှင့်နယ်ခံပျူစောထီးများ ဖြတ်သန်းသွားလာခြင်း မပြုနိုင်စေရန်နှင့် တားမြစ်ထုတ်ကုန်များ တရားမဝင်သယ်ယူခြင်းများ မရှိစေရန် နယ်မြေစိုးမိုးမှု ရယူကာ မေလ ၆ ရက်နေ့မှ စတင်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ တားမြစ်ကုန်ပစ္စည်းများနှင့် ကန့်သတ်ကုန်ပစ္စည်းများအား သယ်ယူတွေ့ရှိပါက သက်ဆိုင်ရာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် မြေပြင်ပူးပေါင်းတပ်ဖွဲ့များမှ စစ်ဆေး ဆုံးဖြတ် အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Photo- Phoenix Defence Battalion

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article