25 C
Yangon

ကသာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် အပြစ်မဲ့ ကျေးရွာသား ၄ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်၊ ဖမ်းဆီးခံရသူ ပြည်သူ ၆ ဦးလည်း သတင်းအစအနမရတော့ဘဲ ပျောက်ဆုံးနေ

Must read

ရန်ကုန်၊ မေ ၇

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ အင်းကျေးရွာအုပ်စု၊ ပျဉ်လေးပင်ကျေးရွာအနီးတွင် ဧပြီလ ၃၀ ရက်နေ့တွင် စစ်တပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီးနောက် အပြစ်မဲ့ ပြည်သူ ကျေးရွာသား ၄ ဦးကို စစ်တပ်က ဖမ်းဆီး မီးရှို့ သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဧပြီလ ၃၀ ရက်နေ့ ကသာမြို့နယ် ၊အင်းကျေးရွာ အုပ်စု၊ပျဉ်းလေးပင်ကျေးရွာ မှ ပြည်သူ ၄ ဦး ကို စစ်တပ်က ပျဉ်းလေးပင် ကျေးရွာအနီး၊ပေ(၅၀)လမ်းဘေး၊လွင်ယားကွင်း၌ မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း၊ မီးရှို့သတ်ဖြတ်ခံရသူ ၄ ဦးမှာ ဦးမျိုးသန့် (၄၄)နှစ် -ပျဉ်းလေးပင်ကျေးရွာ၊ ဦးမြင့်တင် (၄၂)နှစ်-ပျဉ်းလေးပင်၊ ကိုစိုးမိုးအောင်(၃၅)နှစ်-ပျဉ်းလေးပင်
ကိုဝင်းမြင့်(၃၄)နှစ်-တည်တော ၊ထီးချိုင့်၊ပျဉ်းလေးပင်ရွာတို့ဖြစ်ကြောင်း ၊ ရွာသား ၆ ဦးကိုလည်း စစ်တပ်က ဖမ်းဆီးသွားပြီး သတင်းအစအနလုံး၀ မရတော့ဘဲ ပျောက်ဆုံးနေကြောင်း သိရှိရသည်။

ဧပြီလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ကသာမြို့ နယ်၊ ပျဉ်လေးပင်ကျေးရွာမှ ခြောက်မျက်နှာ ကျေးရွာဘက်သို့ ချီတက်လာသော စစ်ကောင်စီတပ်သားများကို ကသာခရိုင်PDFတပ်ရင်း (၃)၊ ကသာမြို့ နယ် ပကဖ ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား (၁၅)ဦး သေဆုံးခဲ့ပြီး (၂၀)ခန့်ခြေပြတ် လက်ပြတ်များဖြစ်သွားခဲ့ကြပြီး ကသာ PDF က သတင်းထုတ်ပြန်ခဲ့သည်။

ဧပြီလ ၂၇ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့ အထိ ကသာမြို့နယ်၊အင်းကျေးရွာ အုပ်စုအတွင်း စစ်တပ်က လူသားဒိုင်းအဖြစ်ပြည်သူ ၃၀ ဉီးထက်မနည်းဖမ်းဆီးထားခြင်း၊ အင်းရွာ ၊ပျဉ်းလေးပင်၊ စမွန်းစုကျေးရွာများတွင် နေအိမ်(၁၅)လုံးထက်မနည်း မီးရှို့ဖျက်ဆီးခြင်း၊ရွှေ၊ငွေ သိန်း၂၀၀၀ခန့် လုယက်သွားကြောင်း ကသာ PDF ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article