25 C
Yangon

ရှားတောမြို့နယ်၊ သံလွင်မြစ်အရှေ့ခြမ်းရှိ တာတမောစခန်းမှ စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီတပ်မတော် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ဒုတပ်ရင်းမှူးအပါအဝင် ၆ ဦး သေဆုံး

Must read

ရန်ကုန်၊ မေ ၈

ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်၊ သံလွင်မြစ်အရှေ့ခြမ်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ တာတမောစခန်းမှ ခမရ ၄၂၈ တပ်ဖွဲ့နှင့် ကရင်နီတပ်မတော် KA ကြား ယနေ့ မေလ ၈ ရက် နံနက်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ဒု-တပ်ရင်းမှူးအပါအဝင် ၆ ဦးသေဆုံးကြောင်း ကရင်နီတပ်မတော်စင်တာက သတင်းထုတ်ပြန်သည်။

တိုက်ပွဲသည် နာရီဝက်ခန့် ကြာမြင့်ပြီး ဖရူဆိုမြို့အခြေစိုက် ခမရ ၄၂၈ တပ်ရင်းမှ ဒု-တပ်ရင်းမှူးအပါအဝင် ၆ ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း KA က ဆိုသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် တာတမောစခန်းမှ စစ်ကောင်စီတပ်ဖွဲ့က ဒေသခံပြည်သူများ၏ နှမ်းခင်းများအတွင်းသို့ လက်နက်ကြီး အမြောက်အများ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ယခု တိုက်ပွဲအသေးစိတ်နှင့် ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်က ဆက်လက်စုံစမ်းတင်ဆက်ပေးသွားမည် ဖြစ်သည်။

ယမန်နေ့ မေလ ၇ ရက်တွင်လည်း ဖရူဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ကရင်နီတပ်မတော်နှင့် KNDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဦးထက်မနည်းသေဆုံးပြီး အရှင်ဖမ်းဆီးရမိသည့် စစ်သားများလည်း ရှိကာ ကရင်နီတပ်ဖွဲ့များက စစ်ကား ၄ စီး ကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။

ဓါတ်ပုံ – ကရင်နီတပ်မတော် တပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article