ရန်ကုန်၊ မေ ၈
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ အမှတ် ၄ ထုံခါအကျဉ်းစခန်းကို တနင်္သာ ရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်က ယနေ့ နံနက် ၅ နာရီအချိန် ဝင်ရောက် စီးနင်းပြီး စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးကြောင်း တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်TDF က သတင်းထုတ်ပြန်သည်။
တနင်္သာရီမြို့နယ်၊သိန်ခွန်းကျေးရွာအုပ်စုရှိ ဆင်ဖြူရှင်(၄) ထုံခါအကျဉ်းစခန်းကို ယနေ့နံနက်(၅)နာရီအချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ မြိတ်ခရိုင် တပ်ရင်း(၂)၏ တပ်ခွဲတစ်ခုက ဝင်ရောက်စီးနင်းခဲ့ပြီး စခန်း ကို ဝင်ရောက်စီးနင်းခဲ့စဉ် မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ၃ ဦး ကျဆုံးကြောင်းအတည်ပြုနိုင်ပြီး ၃ ဦး ထိခိုက်ရာရရှိကြောင်း၊ ထိခိုက်ဒဏ် ရာရရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးမှာ သေဆုံးရန် အခြေအနေ ရှိနေကြောင်း သိရှိရသည်။
ထုံခါအကျဉ်းစခန်းကို ဝင်ရောက်စီးနင်းစဉ် ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းတပ်ဖွဲ့မှ ၁ ဦးကျဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း၊ ထုံခါအကျဉ်းစခန်းသည် ရေဖြူစစ်ဗျူဟာနှင့် သုံးမိုင်ခန့်ကွာဝေးသည့် အကျဉ်းစခန်းတစ်ခုဖြစ်ကြောင်း သိရှိရသည်။
ပုံ-ထုံခါစခန်းတစ်နေရာ Photo -TDF