25 C
Yangon

ဘားအံထောင်မှ နိုင်ငံရေးအကျဉ်းသား ၆၆ ဦးကို စစ်တပ်က ရုတ်တရက် ခေါ်ထုတ်သွား၊ နိုင်ငံရေးအကျဉ်းသားများက အိုးခွက် ပန်းကန်များ တီး၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်ဆန္ဒပြ

Must read

ရန်ကုန်၊ မေ ၈

ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၆၀ ဦးကို ဆိုင်းမဆင့် ဘုံမဆင့် ယနေ့ နံနက်ပိုင်း စစ်တပ်က ရုတ်တရက် ခေါ်ထုတ်သွားပြီး နိုင်ငံရေးအကျဉ်းသားများက အိုးခွက်ပန်းကန်များ တီးလျက် သွေးသစ္စာသီ ချင်းဆို၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြကြောင်း အကျဉ်းထောင်သတင်းရင်း မြစ်ထံမှ သိရှိရသည်။

ယနေ့ နံနက် ၆ နာရီတွင် ဘားအံအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား အမျိုး သား ၅၀ ဦးနှင့် အမျိုးသမီး ၁၆ ဦးတို့ကို မြတ်ရတနာမင်း Expressကားဖြင့် ခေါ် ဆောင်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဘားအံတောင်ကလေးထောင်မှာ အကျဉ်းသားတွေကို ပြောင်းဖို့ ရွှေ့ဖို့ ဘာတစ်ခုမှ အသိမပေးဘဲ ရုတ်တရက် မနက်မှာ စပြောင်းတာ။ နိုင်ငံရေးအကျဉ်း သားတွေက မလိုက်ချင်တဲ့အတွ့် ဆန္ဒပြပြီး ကြွေးကြော်သံတွေတိုင်ကြတယ်။ အဲဒါကို အပြင်က မကြားရအောင် လော်စပီကာနဲ့ တရားခွေတွေ ဖွင့်ထားတယ်။ ထောင်ပိုင်ထောင်မှူးဘာမှပြောလို့မရဘူးရဲနဲ့စသ်သားတွေလာထုတ်သွားတာ။ မြတ်ရတနာမင်းကားနှစ်စီးနဲ့ မော်လမြိုင်ဘက်ထွက်သွားတယ်။ ဘယ်ကိုခေါ်တာလဲတော့မသိဘူး” ဟု အကျဉ်းသားတစ်ဦး၏ မိခင်က ပြောသည်။

နိုင်ငံရေးအကျဉ်းသား ၆၆ ဦးကို ထောင်ပြောင်းရွှေ့ခြင်းလား၊ ပေါ်တာဆွဲသည့်အနေဖြင့် ခေါ်ဆောင်ခြင်းလား ဆိုသည်ကို ရန်ကုန်ခေတ်သစ်အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဒေသသတင်းရင်းမြစ်တချို့ကမူ မော်လမြိုင်ထောင်နှင့် ကျိုက်မရောထောင်သို့ ပြောင်းရွှေ့သည်ဟု သတင်းများ ရေးသားကြသော်လည်း ရန်ကုန်ခေတ်သစ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဘားအံအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများက အိုးခွက်ပန်းကန်များ တီးခြင်း ၊ သံတိုင်များကို ခေါက်ခြင်း ၊ ကြွေးကြော်သံများ ဟစ်ကြွေးခြင်းများပြုလုပ် ဆန္ဒပြကြပြီး အကျဉ်းထောင်ထဲတွင် စစ်တပ်နှင့်ရဲက အသင့်အနေ အထား ပြင်ဆင်နေကြောင်းလည်း စုံစမ်းသိရှိရသည်။

ဓာတ်ပုံ- ၂၀၁၈ ခုနှစ် ဘားအံအကျဉ်းထောင်တွင် ထောက်ဖောက်ပြေးမှု ဖြစ်စဉ်က လုံခြုံရေးများ ထောင်အတွင်း ဝင်သွားစဉ် မြင်ကွင်းပုံ။ (ပုံအဟောင်းဖြစ်သည်)

Photo- CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article