25 C
Yangon

ခင်ဦး မြင်းကျကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက် ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက်စီးနင်း မီးရှို့နေပြီး အသက်အရွယ် ကြီးရင့် သူများ ကျေးရွာတွင်း၌ ပိတ်မိနေ

Must read

ရန်ကုန်၊ မေ ၈

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မြင်းကျကျေးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၈ ရက်နေ့ ညနေ ၄နာရီ ၅ဝ မိနစ်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီး လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ကာ ဝင်ရောက် စီးနင်း မီးရှို့နေကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သည့် ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ချိန်၌ ကျေးရွာအတွင်းရှိ လူငယ်၊ လူလတ်ပိုင်းများသည် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး အသက်အရွယ် ကြီးရင့်သူများသည် ထွက်ပြေးနိုင်ခြင်း မရှိဘဲ ပိတ်မိ နေကြောင်း သိရသည်။

” ဒီနေ့ ညနေပိုင်းလောက်က စစ်ခွေးတွေ မီးရှို့နေတာ ရွာထဲကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ပြီးတော့ ဝင်စီးတာ အင်အား ၆ဝလောက်ရှိမယ်။ ရွာထဲမှာ မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေ ပိတ်မိနေတယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ မြင်းကျကျေးရွာတွင် အိမ်ခြေ ၃ဝဝခန့်ရှိပြီး ရွာလုံးကျွတ် ထွက်ပြေး နေရပြီး ကျေးရွာအတွင်း အကြမ်းဖက် စစ်တပ် မီးရှို့နေသောကြောင့် မီးခိုး လုံးများ ထွက်ပေါ်လာသည်ကိုသာ အဝေးမှ ကြည့်နေရပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

Photo – အကြမ်းဖက် စစ်တပ် ဝင်ရောက်စီးနင်း မီးရှို့နေသော မြင်းကျကျေးရွာ

Photo Crd – ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article