26 C
Yangon

စစ်ကောင်စီ၏ နှစ်ထပ်သင်္ဘော ရှော့ခ်တိုက်ဒုံးဖြင့် အပစ်ခတ်ခံရပြီးနောက် ဧရာ၀တီမြစ်ကမ်းဘေးကျေးရွာများ စစ်တပ်က ဆက်တိုက် ဝင်ရောက်မီးရှို့

Must read

ရန်ကုန်၊ မေ ၁၇

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ နှစ်ထပ်သင်္ဘော ၃ စင်း ရှော့ခ်တိုက်ဒုံးဖြင့် အပစ်ခတ်ခံရပြီးနောက် စစ်တပ်က ဧရာ၀တီမြစ်ကမ်းဘေးမှ ကျေးရွာများကို မီးတင်ရှို့ ဖျက်ဆီးများလုပ်ဆောင်နေကြောင်း ဒေသခံများနှင့်ကန့်ဘလူPDF ထံမှ သိရှိရသည်။

မေလ ၁၆ ရက်နေ့တွင် ကန့်ဘလူ PDF က မန္တလေးမှ အထက်ဆန်တက်လာသည့် စစ်ကောင်စီ နှစ်ထပ်စစ်သင်္ဘောများကို ၁၀၇ မမ ဒုံးနှင့် တိုက်ခိုက်ပြီးနောက် စစ်တပ်က အနီးနားရှိကျေးရွာများနှင့် စက်လှေများကို မီးရှို့ဖျက်ဆီးကြောင်း၊ မေလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က ကန့်ဘလူမြို့နယ်၊ ဥကင်းကြည်ကျေးရွာကို မီးရှို့ဖျက်ဆီးနေကြောင်း သိရှိရသည်။

“ ခရမ်းကုန်းစပ်မီးဝင်ရှို့တော့ ဒေသခံတွေ ကားနဲ့ လေး ၊ ငါး ၊ ခြောက်စီးလောက် ထွက်ပြေးနေရ၊ ရှောင်နေရတယ်။ ဒီနေ့ ဥကင်းကြည်မှာလည်း အခုမနက် ဝင်ပြီးတော့ မီးရှို့တယ်။ သူက ကန့်ဘလူမြို့နယ်ထဲက ရွာ။ ဥကင်းကြည်ကို ရှို့ပြီးတော့ အဲ့နားက တင်မော်ဆိုတဲ့ ရွာကို ထပ်ပြီး မီးရှို့တယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ဥကင်းကြည်ရွာနှင့် တင်မော်ရွာများမှာ လက်ရှိအချိန်အထိ မီးလောင်ကျွမ်းနေဆဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ သင်္ဘောများ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရခြင်းနှင့် ဆက်စပ်မှု ရှိမရှိ မသိရသော်လည်း အကြောင်းမဲ့ မီးရှို့ခံရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ရွာကို မီးတင်ရှို့တော့ ဒေသခံ ပကဖ အဖွဲ့တွေက ခုခံတယ်။ ဒေသခံရွာသားတွေဘက်က ၃ ယောက်တော့ ကျည်ထိထားတယ် ကြားတယ်။ အသေးစိတ်တော့ ချိတ်ဆက်လို့ မရသေးဘူး။ အပေါ်မှာလည်း ရဟတ်ယာဉ် တစ်စီးဝဲနေတယ်” ဟု ဒေသခံတစ်ဦးက လက်ရှိအခြေအနေကို ပြောကြားသည်။

ဓာတ်ပုံ- ဧရာဝတီမြစ်ဘေး ခရမ်းစပ်ကုန်း ကျေးရွာကို စစ်တပ်က မီးရှို့နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article