21.1 C
Yangon

Khit Thit သတင်းဌာန၏ မေ ၂၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၂၄ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-ပြည်သူထောက်ခံမှုရှိနေတဲ့ စင်ပြိုင်အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ PDF တွေကို မဖိတ် ခေါ်တဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ တိုင်းရင်းသား လက်နက် ကိုင်အားလုံး မပါဝင်တဲ့အတွက် အောင်မြင်မှု မရနိုင်ဘူးလို့ PSLF/ TNLA ဒုတိယဥက္ကဋ္ဌ ၁ ဗိုလ်ချုပ် တားဂျုတ်ဂျားက ပြောကြား လိုက်ပါတယ်။
– ဂျပန်နိုင်ငံက စစ်သင်တန်းပေးလေ့ကျင်ခဲ့တဲ့ စစ်အရာရှိတွေထဲက လေတပ်ဒုတိယဗိုလ်မှူးကြီးလွှမ်းမိုးက မြန်မာ ပြည်သူတွေအပေါ် ဆိုးဝါးတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတယ်လို့ Human Rights Watchနဲ့ Justice For Myanmar က ထုတ်ဖော်ကြေညာလိုက်ပါတယ်။
– စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ်၊ ပုလဲမြို့ မြသိန်းတန်ကျောင်းတိုက်ကို အကြမ်းဖက်စစ်တပ်က မေလ ၁၃ ရက်နေ့မှာ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် လက်နက်ကြီးထိမှန်ပြီး သံဃာတော် ၄ ပါး ပျံလွန်တော်မူခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ နဂါးတွင်းရွာမှာ မေလ ၂၂ ရက်နေ့မှာ စစ်တပ်က ဝင်ရောက်တပ်စွဲမီးရှို့ခဲ့ တာကြောင့် နေအိမ် ၅၂ လုံးမီးလောင်ပြာကျခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article