30 C
Yangon

ဝမ်းတွင်းမြို့နယ်၊ ကျင်းရွာမှ ပြည်သူများရွေးချယ်ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူး ကိုအာကာထွေးကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်၊ အလောင်းပြန်မရ

Must read

ရန်ကုန်၊ မေ ၂၄

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ကျင်းရွာမှ ပြည်သူများ ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူး ကိုအာကာထွေးကို မေလ ၂၂ ရက် ညတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားပြီး ရိုက်နှက်စစ်ဆေးမှုများကြောင့် သေဆုံးသွားကြောင်း သတင်းရရှိသည်။

“၂၂ ရက် ည ၁၁ နာရီလောက်မှာ ကိုအာကာထွေးကို စစ်ခွေးတွေက ရိုက်နှက်ပြီး ခေါ်သွားတယ်။ အဲ့ညက ဝင်ဝင်ချင်း စစ်ခွေးတွေလာပြီး အုပ်ကြီးကို တန်းရိုက်တာ၊ အုပ်ကြီးက သွေးတန်းလန်းနဲ့ ကိုနန်းခိုင်အိမ်နေရာကို လိုက်ပြရတာ။ ပြီးတော့ စစ်ခွေးတွေက အိမ်ကို မီးရှို့တယ်၊ ရွာထဲမှာ ကျန်နေသေးတဲ့ တချို့အမျိုးသမီးတွေကို ခေါ်ပြီး မီးလောင်နေတဲ့အိမ်ကို ကြည့်ခိုင်းတယ်၊ အုပ်ကြီးက သေသွားပြီဆိုတာ မနေ့ကတည်းက သတင်းကြားတယ်။ အခုမှ ကွန်ဖမ်းဖြစ်တာ၊ အလောင်းကို မိသားစုကို ပြန်မပေးဘူး။” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မေလ ၂၂ ရက်နေ့တွင် ကျင်းရွာအနီးသို့ ကင်းလှည့်လာသော အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ဦးကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်ရှင်းလင်းလိုက်ပြီးနောက် အကြမ်းဖက်စစ်တပ်က ညတွင် ကျင်းရွာသို့ ရောက်ရှိလာပြီး PDF ဟု စွပ်စွဲခံရသူ ကိုနန်းခိုင်၏ အိမ်ကို မီးရှို့ဖျက်ဆီးသွားကာ အုပ်ချုပ်ရေးမှူး ကိုအာကာထွန်းကို ဖမ်းဆီးသတ်ဖြတ်လိုက်ခြင်းဖြစ်သည်။

“ကိုအာကာထွေးက စစ်ကောင်စီ လက်ထက်မှာ အုပ်ကြီးဖြစ်တယ်ဆိုပေမယ့် ရွာသားတွေက ခန့်ထားတာ၊ စစ်ခွေးတွေ ကျင်းရွာကို ရောက်လာတော့ သူက သွားတွေ့ရတာပေါ့၊ တချို့တွေက သွားမတွေ့ဖို့ တားတယ်၊ သူက မလုပ်လောက်ပါဘူးဆိုပြီး သွားတွေ့တာ။ အရင်ကလည်း ရွာကို စစ်ခွေးတွေ ခဏ ခဏ ဝင်စစ်ဖူးတယ်။ အခုကရဲ ၂ ယောက် ကိစ္စနဲ့ ကျင်းရွာကို စစ်ခွေးတွေက ဝင်ဖိတာ” ဟု ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏ ဝင်ရောက်ကာ ရိုက်နှက်စစ်ဆေးမှုများကြောင့် ကျင်းရွာတွင် သက်ကြီးရွယ်အို ဘိုးဘွားများ၊ အမျိုးသမီးများနှင့် ကလေးငယ်များသာ ကျန်ရှိကြောင်း အမျိုးသားများမှာ ရွာတွင် နေ၍မရဘဲ ထွက်ပြေးတိမ်းရှောင်နေရသည်မှာ လချီ ကြာမြင့်နေပြီဖြစ်ကြောင်း သိရှိရသည်။

ဓါတ်ပုံ – အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်သော ကျင်းရွာ အုပ်ချုပ်ရေးမှူး ကိုအာကာထွေး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article