37 C
Yangon

ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့အပေါ် လုပ်ကြံ အမှုဆင်တည် ဆောက်ခဲ့ကြတဲ့ အထူးစုံစမ်းစစ်ရေးဌာန အရာရှိနဲ့ ဝန်ထမ်းတွေက ဘယ်သူတွေလဲ

Must read

By ရန်ကုန်ခေတ်သစ်

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ကို မင်းအောင်လှိုင်က ယမန်နှစ် ဖေဖော် ဝါရီလ ၁ ရက်နေ့တွင်ဖမ်းဆီးပြီး လုပ် ကြံ အမှုဆင် တရားစွဲရန် မင်းအောင်လှိုင်က စစ်တပ် နှင့် ပြည်ထဲရေးဝန်ကြီး ဌာန ကို ညွှန်ကြားခဲ့သည်။

ပြည်ထဲရေးဝန်ကြီး စိုးထွဋ်နှင့် စစ်တိုင်းမှူးများက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို အမှုဆင် လုပ်ကြံရန်အတွက် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနတစ်ခုလုံးကို တာဝန်ပေးအပ်ခဲ့ပြီး ယင်းတာဝန်ပေးမှုတွင် ဦးဆောင်ပါဝင်သည့် အရာရှိများနှင့်ဝန်ထမ်းများ စာရင်းကို ရန်ကုန်ခေတ်သစ်က ရရှိထားရာ ယင်းစာရင်းများကို ပြည်သူများ သိရှိနိုင်ရန်အတွက် တရားဝင် ထုတ်ပြန်အပ်ပါသည်။

ရဟတ်ယာဉ်ဝယ်ယူမှုအတွက် လုပ်ကြံအမှုတည်ဆောက်ခဲ့သည့် စသုံးလုံး ညွှန်ကြားရေးမှူး မောင်မောင်မြင့်
===========================================

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သဘာဝဘေးကူညီကယ် ဆယ် ရေးအတွက် အသုံးပြုမည့် ရဟတ်ယာဥ်တစ်စီးဝယ်ယူမှုအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ ကို အဂတိမှု ၂ မှုဖြင့် အမှုဆင် လုပ်ကြံရေး ဆောင်ရွက်ခဲ့သူမှာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူး မောင်မောင်မြင့် ဖြစ် သည်။

ထိုအမှုအတွက် အဖွဲ့ခေါင်းဆောင်အဖြစ် စသုံးလုံး ညွှန်မှူး မောင်မောင်မြင့်ကို တာဝန်ပေးအပ်သူမှာ ပြည်ထဲရေးဝန်ကြီး စိုးထွဋ် ဖြစ်ပြီး ရဟတ်ယာဉ်ဝယ်ယူမှုကိစ္စ လိမ်လည် အမှုဆင်ရန် အတွက် အထူးစုံစမ်းစစ်ဆေးရေးဌာနမှ အရာရှိနှင့်ဝန်ထမ်း ၁၉ ဦးကို အသုံးပြုခဲ့သည်။

ရဟတ်ယာဉ်အမှုအတွက် လုပ်ကြံ အမှုဆင်ခဲ့သည့် အဖွဲ့တွင် ခေါင်းဆောင် စသုံးလုံး ညွှန်ကြားရေးမှူး မောင်မောင်မြင့်နှင့်အတူ ရှမ်းပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ အရာထမ်း ၄ ဦး၊ အမှုထမ်း ၃ ဦး၊ စစ်ကိုင်းတိုင်းစသုံးလုံးမှ အရာထမ်း ၂ ဦး၊ အမှုထမ်း ၂ ဦး၊ တနင်္သာရီတိုင်း စသုံးလုံး အရာထမ်း ၃ ဦး၊ အမှုထမ်း ၁ ဦး၊ မကွေးတိုင်းစသုံးလုံးမှ အရာထမ်း ၂ ဦး၊ အမှုထမ်း ၂ ဦး စုစု ပေါင်း ၁၉ ဦးပါဝင်သည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို စိစစ် လိမ်လည် အမှုဆင်ခဲ့သူ စသုံးလုံး ညွှန်ကြားရေးမှူး စိုးနောင်ဦး
===========================================

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် လာဘ်ပေးလာဘ်ယူ လုပ်ခဲ့သည်ဟု လိမ်လည်အမှုဆင်တည်ဆောက်ခဲ့သည့်အဖွဲ့ကို စသုံးလုံး ညွှန်ကြားရေးမှူး စိုးနောင်ဦးက ဦးဆောင်သည်။

ထိုအမှုအတွက် စသုံးလုံး စိုးနောင်ဦးကို အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်သူမှာ ရန်ကုန်တိုင်း စစ်တိုင်းမှူး ညွန့်ဝင်းဆွေဖြစ်သည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအမှုကို လိမ်လည် အမှုတည်ဆောက်ခဲ့သည့်အဖွဲ့တွင် စသုံးလုံးညွှန်မှူး စိုးနောင်ဦးနှင့်အတူ ရန်ကုန်တိုင်းစသုံးလုံးမှ အရာရှိ ၁၅ ဦး၊ အမှုထမ်း ၁၅ ဦး၊ မွန်ပြည်နယ် စသုံးလုံးမှ အရာရှိ ၂ ဦး၊ အမှုထမ်း ၁ ဦး ၊ ပဲခူးတိုင်းစသုံးလုံးမှ အရာရှိ ၄ ဦး၊ အမှုထမ်း ၅ ဦး ၊ ဧရာ၀တီတိုင်း စသုံးလုံးမှ အရာရှိ ၁ ဦး ၊ အမှုထမ်း ၄ ဦး စုစုပေါင်း စသုံးလုံးအရာရှိနှင့်ဝန်ထမ်း ၄၇ ဦး ပါဝင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် လာဘ်ပေးလာဘ်ယူ လုပ်သည်ဟု အမှုဆင် လိမ်လည်သူ ဒုညွှန်ချုပ် သိန်းနိုင်ထွန်း၊ ဦးစီးအရာရှိ အောင်မြတ်မိုး နှင့် ဦးစီးအရာရှိ မင်းထွေး
===========================================

ဒေါ်အောင်ဆန်းစုကြည်က လာဘ်ပေးလာဘ်ယူ လုပ်သည်ဟု အမှုဆင် လိမ်လည် အမှုတည် ဆောက် ရသူများမှာ စသုံးလုံး ဒုညွှန်ချုပ် သိန်းနိုင်ထွန်း၊ ဦးစီးအရာရှိ (စုံစမ်းရေး) အောင်မြတ်မိုး၊ ၊ ဦးစီးအရာရှိ(စုံစမ်းရေး) မင်းထွေးတို့ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က အသင်းအဖွဲ့ဆိုင်ရာ လာဘ်ပေးလာဘ်ယူ လုပ်သည်ဟုဆိုကာ အမှုတည်ဆောက်ရန် အမိန့်ပေးသူမှာ ပြည်ထဲရေးဝန်ကြီး စိုးထွဋ်ဖြစ်ပြီး သူက ဒုညွှန်ချုပ် သိန်းနိုင်ထွန်းကို တာဝန်ပေးအပ်သည်။

အသင်းအဖွဲ့ဆိုင်ရာ လာဘ်ပေးလာဘ်ယူကိစ္စများကို အဖွဲ့ခေါင်းဆောင် ဒုညွှန်ချုပ် သိန်းနိုင်ထွန်းနှင့်အတူ စသုံးလုံး ဦးစီးဌာနချုပ်မှ အရာရှိ ၁ ဦး ၊ အမှုထမ်း ၃ ဦး ၊ စသုံးလုံး သတင်း/နည်ပညာ အရာရှိ ၁၇ ဦး ၊ အမှုထမ်း ၃၃ ဦး ၊ ကယားပြည်နယ် စသုံးလုံးမှ အရာရှိ ၂ ဦး ၊ အမှုထမ်း ၁ ဦး စုစုပေါင်း စသုံးလုံး အရာရှိနှင့်ဝန်ထမ်း ၅၉ ဦး အသုံးပြုခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်သော ငွေကြေးစီးဆင်းမှုဆိုင်ရာ အမှု လိမ်လည် တည်ဆောက်သူ အဖွဲ့ခေါင်းဆောင်မှာ ဦးစီးအရာရှိ (စုံစမ်းရေး) အောင်မြတ်မိုးဖြစ်ပြီး NLD ပါတီ၏ ငွေကြေးစီးဆင်းမှု ဆိုင်ရာ စိစစ် လိမ်လည် အမှုတည်ဆောင်သူ အဖွဲ့ခေါင်းဆောင်မှာ ဦးစီးအရာရှိ မင်းထွေးဖြစ်သည်။ ဦးစီးအရာရှိ အောင်မြတ်မိုးသည် ရွေးကောက်ပွဲ မဲလက်မှတ်များ ပိုရိုက်နှက်ခြင်း ရှိမရှိဆိုသော အမှုတွင်လည်း စိစစ်ရသည့်အဖွဲ့ခေါင်းဆောင်ဖြစ်သည်။

ဦးစီးအရာရှိ အောင်မြတ်မိုးနှင့် မင်းထွေးတို့သည် စသုံးလုံး သတင်း/နည်းပညာ (ရန်ကုန်) မှအရာရှိ ၆ ဦးနှင့် အမှုထမ်း ၉ ဦး စုစုပေါင်း ၁၅ ဦးကို အသုံးပြုခဲ့ကြပြီး ၎င်းတို့နှစ်ဦးကို အမိန့်တာဝန်ပေးအပ်သူမှာ ရန်ကုန်တိုင်းစစ်တိုင်းမှူး ညွှန့်ဝင်းဆွေဖြစ်သည်။

(NLD အစိုးရ ဝန်ကြီးချုပ်များ၊ ဝန်ကြီးများအပေါ် အမှုဆင် လိမ်လည်ခဲ့ကြသည့် အထူးစုံစမ်းစစ်ဆေးရေး အရာရှိများအကြောင်း ဆက်လက်ဖော်ပြမည်ဖြစ်ပြီး စစ်တပ်၏ လက်ကိုင်တုတ် စသုံးလုံး ဌာနအကြောင်းလည်း ဆက်လက် ဖော်ပြပါမည်)

ဓာတ်ပုံ- စသုံးလုံး ညွှန်ချုပ် မောင်မောင်ကျော်ဖြစ်ပြီး စသုံးလုံးဌာနတစ်ခုလုံးအတွက် တာဝန်ရှိသူဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article