28 C
Yangon

စစ်ကိုင်းတိုင်း၊ မြို့နယ်တချို့တွင် ယနေ့ နံနက်ပိုင်း ပြတ်တောက်သွားသော ဖုန်းလိုင်းများ မွန်းလွဲ ၁ နာရီကျော်တွင် ပြန်လည် ရရှိ

Must read

ရန်ကုန်၊မေ ၂၄

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်တချို့တွင် ယနေ့ နံနက်ပိုင်း စစ်တပ်၏ ဖြတ်တောက်မှုကြောင့် ဖုန်းလိုင်းများ ပြတ်တောက်သွားခဲ့ပြီး မွန်းလွဲ ၁ နာရီတွင် ဖုန်းလိုင်းများ ပြန်လည် ရရှိကြောင်း ဒေသခံများထံ သိရှိရသည်။

“မနက် ၇ နာရီလောက်ကနေ ဖုန်းလိုင်းတွေ ပြတ်သွားတာ အခု မွန်းလွဲ ၁ နာရီကျော်မှာ ဖုန်းလိုင်းတွေ ပြန်ရပါတယ်” ဟု ချောင်းဦးဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်၏ မေးမြန်းချက်အရ ချောင်းဦး၊ ရေဦး၊ ခင်ဦး၊ မုံရွာတို့ရှိ တချို့နေရာများတွင် ဖုန်းလိုင်းများ တချို့တစ်ဝက် ပြန်လည်ရရှိပြီဖြစ် ကြောင်း၊ နေရာတိုင်းမရရှိသေးကြောင်း၊ အခြားမြို့နယ်များ၏အခြေအနေကိုမူ ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

ယနေ့နံနက်ပိုင်း ဖုန်းလိုင်းအားလုံးများ ဖြတ်တောက်ခံခဲ့ရသည့်မြို့နယ်များမှာ ခင်ဦး၊ မင်းကင်း၊ မုံရွာ၊ရေဦး၊ကျွန်းလှ၊ ယင်းမာပင်၊ ပုလဲ၊ကနီ၊ကန့်ဘလူ၊ ကောလင်း၊ မြင်းမူ မြို့နယ်များဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article