By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၂၇ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သမ္မတဦးဝင်းမြင့်နဲ့ NLD အစိုးရဝန်ကြီးချုပ်တွေကို လိမ်လည်အမှုဆင်တဲ့ စသုံးလုံးအရာရှိစာရင်းပေါက်ကြားမှု တရားခံရှာဖို့ အဲဒီဌာနမှာ မနေ့က အစည်းအဝေး ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
– အကြမ်းဖက်စစ်တပ်က နိုင်ငံတဝန်းက မြို့နယ်တွေနဲ့ ရပ်ကွက်၊ကျေးရွာတွေမှာ ဖွဲ့စည်းဆောင်ရွက်နေတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့မှာ ပါဝင်သူတွေကို အရပ်သားလို့မသတ်မှတ်ဘဲ စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ကာ အရေးယူသွားမယ်လို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
– စစ်ကောင်စီနဲ့ အဆက်အစပ်ရှိပြီး CDM မလုပ်ခဲ့တာကြောင့် ကရင်နီပြည်ရဲဌနာရဲ့ဖမ်ဆီးခြင်းကိုခံခဲ့ရတဲ့ ဒေါက်တာရဲလင်းစိုးက ပြည်သူတွေရဲ့ လိုအပ်ချက်ကို ပိုမိုသိမြင်လာတယ်လို့ ပြောပါတယ်။
– မကွေးတိုင်း ဂန့်ဂေါမြို့ မြစ်သာမြစ်ကူးတံတားမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ကင်းစခန်းကို မေလ ၂၆ ရက်နေ့ နံနက် ၇ နာရီ ၃ဝ မိနစ်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကာ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။